Chp 573 ( တောင်ကြီးကိုမခြင်း)

40 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 573 (တောင်ကြီးကို မခြင်း)

“တကယ့်ရတနာပဲ…”
နင်လည်း ရွှေရောင်ကြယ်တာရာပုတီးတွေရဲ့ ၃၆ ဘုံ မိုးကောင်းကင်ကို ကြည့်နေမိခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ပုတီးလုံးတွေက သုံးဆယ်ခြောက်ခုအဖြစ်သာ သိပ်သည်းသွားခဲ့တဲ့အတွက်.. တစ်ခုစီမှာ ကြောက်စရာကောင်းလွန်းလှတဲ့ စွမ်းအင်တွေ ပါ၀င်နေခဲ့ပါပြီ။ ပြီးတော့ ဒီပုတီးတစ်ခုစီတိုင်းမှာ ကောင်းကင်ဘုံ တစ်ခုစီ ပါ၀င်နေတယ်လေ။ ဒီကမ္ဘာတစ်ခုဟာ တော်၀င်ရှကမ္ဘာလောက်ကို အရွယ်အစားရှိနေခဲ့ပါပြီ။ ဒါပေမဲ့လည်း.. ဒီ ၃၆ ဘုံမိုးကောင်းကင်ဟာ အချိန်တိုလေးသာ တည်ရှိနေနိုင်တယ်လေ။

၃၆၀၀ လုံးသော ပုတီးတွေကို  ၃၆ လုံးအရေအတွက်သာရှိအောင် သိပ်သည်းစေလိုက်တဲ့အခါမှာတော့ ၃၆ ဘုံ မိုးကောင်းကင်ဖြစ်ပေါ်လာခဲ့တယ်လေ။ နင်က သူ့ရဲ့ နှလုံးသားအင်အားနဲ့ စွမ်းအင်တွေကို ပြန်လည်သိမ်းဆည်းလိုက်တဲ့အခါကျရင်တော့… ၃၆ ဘုံမိုးကောင်းကင်ဟာ ထောင်ပေါင်းများစွာသော ကြယ်တာရာလေးတွေအဖြစ်ပြန်လည်ပြောင်းလဲသွားမှာပါ။

“၃၆ဘုံ မိုးကောင်းကင်… တစ်ခုစီက အဓိက ကမ္ဘာကြီးတွေ အရွယ်အစားလောက်ကို ကြီးမားနေတယ်။ ဒါနဲ့ တန်ခိုးရှင်တွေကို ပစ်ပေါက်လိုက်မယ်ဆိုရင် အကုန်လုံးပြားကပ်သွားမှာ အမှန်ပဲ..။ ဒါပေမဲ့ သူတို့ကို ထိန်းချုပ်ရတာ အရမ်းကို ဖိအားများလွန်းတယ်။ တစ်ခုဆီကိုက ပြီးပြည့်စုံတဲ့ကောင်းကင်ဘုံကို ထိန်းချုပ်သူလောက် ခက်ခဲနေတာ..။”
ပုတီးလုံးတွေကို ၃၆ ဘုံ မိုးကောင်းကင်အဖြစ် ဆက်ပြီးအသုံးပြုဖို့က အလွန်ကို ခက်ခဲတာကို နင်နားလည်သဘောပေါက်လိုက်ပါပြီ။ အခုလို သူ့အနေနဲ့ အသုံးပြုနိုင်နေတဲ့ အကြောင်းရင်းကလည်း စိတ်ဝိညာဉ်နှလုံးသားအင်အားနဲ့ အစွမ်းထက်တဲ့ နှလုံးသားအင်အားကို ပိုင်ဆိုင်ထားလို့သာပါ။ သူ့လို စွမ်းဆောင်နိုင်တဲ့အင်ပါရီယာနတ်ဘုရားတွေ အစစ်အမှန်အင်မော်တယ်တွေဆိုတာ တော်တော်ကို ရှားနေခဲ့ပြီလေ။

“ပြောင်းလဲစမ်း…”
နင်ညွှန်ကြားလိုက်တဲ့အခါမှာတော့… ၃၆ ဘုံ မိုးကောင်းကင်ဟာ ချက်ချင်းဆိုသလိုပဲ လှံပျံ ၃၆ ချောင်းအဖြစ် အရင်ဆုံး အသွင်ပြောင်းလဲသွားခဲ့ပါပြီ။ ပြီးသွားတာနဲ့ ချိတ်ကောက်ကြီး ၃၆ ခုအဖြစ် ဆက်ပြီးပြောင်းလဲသွားခဲ့ပြီလေ။

Book 21 - 30Where stories live. Discover now