Book 21 Chp 9

52 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 9 (ဘယ်သူက ငါ့ကို လွတ်လပ်ခွင့် ပေးမှာလဲ..)

အနက်ရောင်တိမ်တိုက်တွေဟာ မာကျောမှုတွေပြည့်နေသလို ပတ်၀န်းကျင်တခွင်ကိုလည်း လွှမ်းခြုံလို့ သွားခဲ့ပါပြီ။ အင်မော်တယ် ဓားပျံပေါင်း၂၀၀ ကျော်ဟာ တိမ်တိုက်နက်တွေကို ထွင်းဖောက်ဖို့ မစွမ်းသာ ဖြစ်နေလို့ပါ။ ဒါပေမဲ့ ဂျိနင်ရဲ့ တိုက်ခိုက်မှုက အံ့မခန်းကို မြန်ဆန်လွန်းပါတယ်။ တိမ်တိုက်နက်တွေ ထွက်ပေါ်မလာခင်ကတည်းက ၀တ်စုံနက်လွတ်မြောက်အင်မော်တယ် အယောက်၂၀ မကကို သူသတ်ခဲ့ပြီးပါပြီ။

ငွေရောင်၀တ်စုံ၀တ် လူငယ်လေးမျက်နှာ ပိုပြီးသုန်မှုန်လာခဲ့ပြီလေ။

“လစ်စမ်းကွာ”

နင်လည်း ဓားပျံကြီးတစ်ထောင် ၀င်္ကဘာ ဓားသိုင်း ဒုတိယအဆင့်ကို အသုံးချဖို့ အင်မော်တယ် ဓားပျံတွေကို ပြန်ဆင့်ခေါ်လိုက်ပါတယ်။ တောက်ပသိပ်သည်းလွန်းတဲ့ ဓားအလင်း ထွက်ပေါ်လာခဲ့ပါပြီ။ တောက်ပလွန်းတဲ့ ဓားအလင်းဟာ နတ်နဂါးနက်ကြီးတစ်ကောင်အသွင်နဲ့ တိမ်တိုက်နက်ကြီးတွေကို ဖောက်ထွက်ပြီးတော့ ကောင်းကင်ထက်ကို မာန်၀င့်ကြွားစွာ ပျံတက်လာခဲ့ပြီလေ။

“ဟမ့်..”

ငွေရောင်၀တ်စုံနဲ့ လူငယ်လေးလည်း လက်ကိုဝှေ့ယမ်းလိုက်ပြီးတော့ တိမ်တိုက်နက်တွေကို ပြန်သိမ်းဆည်းလိုက်ပါတယ်။ အောက်ကို ငုံ့ကြည့်လိုက်တော့ အနက်ရောင်၀တ် လူတွေ အဝေးကို ရောက်နေခဲ့ကြပြီလေ။

ရွှစ် ရွှစ် ရွှစ် ရွှစ် ရွှစ် ရွှစ် ရွှစ်…

ကြေးချပ်၀တ်တန်ဆာ၀တ် ဖင်းဂေါ့ အစောင့်အရှောက်တွေ တစ်ဦးပြီးတစ်ဦး ရောက်လာခဲ့ကြပါပြီ။

“ဖင်းဂေါ့အစောင့်အရှောက်တွေ… ၀င်္ကဘာကို ချိတ်ဆက်ပြီးတော့ ပူးပေါင်းတိုက်ခိုက်လိုက်ကြတော့..။”
ငွေရောင်၀တ်စုံနဲ့ လူငယ်လေးက အော်ပြောလိုက်ပါတယ်။
“မင်းတို့တွေ လူစုခွဲပြီး တိုက်ခိုက်လို့ မဖြစ်ဘူး။”

“ဟုတ်ကဲ့ခင်ဗျ..”

ဖင်းဂေါ့အစောင့်အရှောက်တွေဟာ ၉ ဦးပါ ၀င်္ကဘာတစ်ခုကို ပူးပေါင်းအသုံးပြုလိုက်ပါတယ်။ ဒီမှာပဲ မီတာ ၃၀၀ လောက် ရှည်လျားတဲ့ နတ်ဘုရားသားရဲကောင်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့ပြီလေ။ ဒီ နတ်ဘုရားသားရဲကောင်ကြီးကတော့ ကျားလို ဆင်တူပါတယ်။ ဒါပေမဲ့ အစွယ်တွေ လက်သည်းတွေ အမွှေးအမျှင်တွေဟာ ပိုပြီး ရှည်လျားနေလို့ပါ။ သူ့ရဲ့ မျက်လုံးတွေကနေ အေးစက်စက်အဇူရာအလင်းရောင်း တောက်ပလို့နေပါတယ်။

Book 21 - 30Where stories live. Discover now