Book 24 Chp 13

45 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24
Chapter 13 (ရှအင်ပါရီယာရဲ့ စိတ်သဘောထား..)

"ဆရာကြီးနှင်းနီ... ဒီသန့်စင်သောယန် အင်မော်တယ်က စကြ၀ဠာတာအိုရဲ့ ပညာရှင်ပဲ..။ ဆရာကြီးတို့ ခုနစ်ဦးလုံး ကျွန်တော့်ကို ကူညီပေးကြပါလားခင်ဗျာ..။"
ဂျိနင်ရဲ့ မူလအမွှာက အသည်းအသန် အကူအညီတောင်းနေခဲ့ပါပြီ။ နင်အန္တရာယ်နဲ့ ရင်ဆိုင်နေရဲပြီဆိ်ုတာကို သိလိုက်တော့ နှင်းနီတို့ ခုနစ်ဦးလည်း သူတို့ ကမ္ဘာကြီးကနေ ရေအောက်နန်းတော်ဆီကို ထွက်ခွာလာခဲ့ပါပြီ။ တကယ်တော့ နင်အနေနဲ့သူတို့ရဲ့ ကတိစကားကို ဒီလောက် မြန်မြန်အသုံးပြုဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ကြဘူးလေ။

ပြောရမယ်ဆိုရင်တော့ အစောပိုင်း မြားခုနစ်ချောင်း နင်ပစ်ထုတ်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ မြေကမ္ဘာအဆင့်ကီစွမ်းအင်နဲ့ တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းတာအိုတံဆိပ်တော်အကြီးကို မောင်းနှင်ထားလိုက်ပါပြီ။ ဒီအတွက် သူ့မှာ လုံလောက်တဲ့အချိန် ရခဲ့တယ်လေ။ ဒါပေမဲ့... တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းက လုံး၀ကို အသုံးပြုလို့ မရတော့ပါဘူး။

ကမ္ဘာတခွင်မှာ မဟာတာအိုတွေ အများကြီး ရှိပေမဲ့လည်း .. စကြ၀ဠာ မဟာတာကို အောင်မြင်ထားသူနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိပါ့မလဲ..။ ဒီလို လူမျိုးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့ မဟာတည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းလည်း အသုံးမ၀င်တော့ပါဘူး။

"ဂိုဏ်းတူမောင်လေး.."
ယုဝေလည်း နင်ကို စိတ်ပူပင်စွာ လှမ်းကြည့်လိုက်မိပါတယ်။ အင်မော်တယ် ဒန်ချိုင်ကော ကောင်းကင်အင်မော်တယ် ယူနီတီပါ ဆောက်တည်ရာ မရဖြစ်ကုန်ကြပါပြီ။ ဒါပေမဲ့ သူတို့လည်း ဘာမှ မတတ်နိုင်တော့ဘူးလေ။

"သေစမ်း.."
အစစ်အမှန် အင်မော်တယ် ဂေါ်ဒီရဲ့ အကြည့်တွေဟာ ရက်စက်မှုနဲ့ လူသတ်ငွေ့တွေ ပြည့်နေခဲ့ပါပြီ။

ဒီအချိန်မှာပဲ..

"ဂျိနင်.. မင်းကိုကယ်မဲ့ သူတွေ ရောက်လာကြပြီ.."
၀က်ဝံ၀ါကြီးရဲ့ အသံကို နင်ရဲ့ စိတ်အာရုံထဲ ကြားလိုက်ရပြီလေ။

Book 21 - 30Where stories live. Discover now