Book 24 Chp 8

52 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 8 (တပ်မဟာကြီး လာပြီ)

အခုကတော့ ပူပြင်းတောက်လောင်နေတဲ့ နွေရာသီပါ။ ကမ္ဘာတစ်ခွင်ဟာ ဆေးပေါင်းအိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားတဲ့ အတိုင်းပါပဲ။ ညည့်အချိန်မှာတော့ နည်းနည်းလေး အေးမြပါလိမ့်မယ်။

ဂျိနင်နဲ့ ယုဝေတို့လည်း တောင်ထိပ်က သူတို့ရဲ့ အိမ်တော်မျှော်စင်မှာ မတ်တတ်ရပ်လို့ နေကြပါတယ်။ ဒီနေရာကနေဆိုရင် စတေးဝါးတားမြို့တော် တစ်၀က်လောက်ကို မြင်နိုင်တယ်လေ။

“အက်ကြောင်းမဲ့ဂိတ်က နောက်ဆုံး စာချွန်လွှာပို့ခဲ့တာ နှစ်၀က်တောင်ကြာခဲ့ပြီပဲ။ အခုထက်ထိ သူတို့ မလှုပ်ရှားသေးဘူးနော်။ နေ့တိုင်း သတိထားပြီး စောင့်ကြည့်မှဖြစ်မယ်။ ကျွန်တော်တို့ကို သူတို့တွေ ဘယ်လောက်ကြာကြာစောင့်ခိုင်းထားမလည်း မသိဘူးနော်..။”
နင်ပြောလိုက်ပါတယ်။

“အခုလောလောဆယ် စတေးဝါးတားမြို့တော်မှာ ဓားအင်မော်တယ် ယူနီတီတစ်ဦးပဲ ရှိနေတော့တာ မဟုတ်ဘူးလေ။ မောင်လေးလည်း ရှိနေပြီ။ မောင်လေးက ကောင်းကင်အင်မော်တယ် ကိုးဦးကို ရင်ဆိုင်တိုက်ခိုက်ပြီး နှစ်ဦးကို သတ်လိုက်နိုင်တယ်။ ပြီးတော့ အခုဆို ၁၈ နှစ်တောင် ကြာခဲ့ပြီလေ။ မောင်လေးပိုပြီးအစွမ်းထက်လာတာကို သူတို့ခန့်မှန်းမိကြလိမ့်မယ်။ ဒါကြောင့် အက်ကြောင်းမဲ့ဂိတ် အလျင်စလို မလှုပ်ရှားခဲ့တာပေ့ါ..။ သူတို့အများကြီး ပြင်ဆင်လာကြလိမ့်မယ်။ သန့်စင်သောယန် အင်မော်တယ် အဆင့်လောက်ကို ရောက်နေတဲ့ကောင်းကင်အင်မော်တယ်နဲ့ အရမ်းကိုကြောက်စရာကောင်းနေတဲ့ ပါရမီရှင်တစ်ဦးကို တိုက်ခိုက်ဖို့ဆိုမှတော့ သူတို့တွေ နှစ်၀က်ပြင်ဆင်တာ ဖြစ်နိုင်ပါတယ်။”
ယုဝေစကားဆက်လိုက်ပါတယ်။
“ပြီးတော့ အချိန်ကြာလေလေ သူတိုရဲ့ တိုက်ခိုက်မှုက ပိုပြီးပြင်းထန်လာလေလေဖြစ်မှာ…”

နင်လည်းခေါင်းညိတ်လိုက်ပါတယ်။
“ကျွန်တော်နားလည်ပါတယ်ခင်ဗျာ..။”

“ဂိုဏ်းတူမောင်လေး…”
ယုဝေက နင်ကိုကြည့်လိုက်ပြီးတော့ တည်ကြည်လေးနက်စွာ ပြောလိုက်ပါတယ်။
“အက်ကြောင်းမဲ့ဂိတ်ကို မောင်လေး အထင်မသေးသင့်ဘူး။”

Book 21 - 30Where stories live. Discover now