Book 26 Chp 8

38 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 8 (တော်၀င်ရှရဲ့ ကမ္ဘာအကာအကွယ် ၀င်္ကပါ)

ကောင်းကင်အင်မော်တယ်တွေ လွတ်မြောက်အင်မော်တယ်တွေအားလုံးလည်း အရူးအမူးကို ထွက်ပြေးကြပါတော့တယ်။

“ဟားဟားဟား..”

“ထွက်ပြေးတယ်လား…”

“သေစမ်းကွာ…”

သွေးတိမ်တိုက်ဂိုလမ်ကြီးလေးကောင်က အသက်ရှင်ကျန်ရစ်နေတဲ့ ကောင်းကင်အင်မော်တယ်တွေ လွတ်မြောက်အင်မော်တယ်တွေအားလုံးကို သတ်ဖြတ်လိုက်ပါတော့တယ်။ အရင်တုန်းကဆိုရင်.. မျက်နှာဖြူရေနဂါးကြီးက ကောင်းကင်ဘုံကို အပြစ်ပေးသူကို ဖျက်ဆီးလိုက်တိုင်း ..အနီးမှာ ရေနဂါးကြီးတစ်ကောင်ပဲ ရှိနေခဲ့တယ်လေ။ တစ်ဦးထဲကပဲ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံသတ်ဖြတ်တာပါ။ ဒါပေမဲ့ အခုတော့ သွေးတိမ်တိုက်ဂိုလမ်လေးကောင်က အစုလိုက်အပြုံလိုက်ကို သတ်ဖြတ်နေပါပြီ။ သွေးတိမ်တိုက်ဂိုလမ်တွေက မျက်နှာဖြူရေနဂါးကြီးတွေထက် အားနည်းပုံပေါ်ပေမဲ့လည်း သူတို့တွေကအလွန်ကို မြန်ဆန်တဲ့အတွက် ကောင်းကင်အင်မော်တယ်တွေကို သတ်ဖြတ်ဖို့ လုံလောက်နေပြီလေ။ လေးဦးရှိနေတယ်ဆိုမှတော့…. မျက်စိတမှိတ်အချိန်အတွင်းမှာပဲ… ကောင်းကင်အင်မော်တယ် တစ်ထောင်လုံးဟာ တစ်ဦးမကျန်ကို သေဆုံးလို့သွားခဲ့ပါပြီ။

လွတ်မြောက်သူတစ်ဦးတောင် မရှိခဲ့ပါဘူး။

အင်မော်တယ် နန်းတော်ထဲ ၀င်ရောက်ပုန်းအောင်နေသူတွေကိုလည်း သွေးတိမ်တိုက်ဂိုလမ်တွေက ချက်ချင်းပဲ ဖမ်းဆီးလိုက်ကြတယ်လေ။

“တောက်…”
အင်ပါရီယာ နတ်ဘုရားကြီး အကြင်နာရေစက်လည်း ဒေါသတကြီး မာန်သွင်းပြီးတော့ သူ့ရဲ့ ဖင်းဂေါ့ တပ်မဟာကြီးနဲ့ တိုက်ခိုက်လိုက်ပါတော့တယ်။

“သက်တံ…”

“နံပါတ်ခြောက်..”

“အစ်ကိုခြောက်…”

တခြားကောင်းကင်ဘုံကို အပြစ်ပေးသူတွေလည်း သွေးထွက်သွားကြပြီလေ။

ဖြစ်ပျက်တာက အရမ်းကို မြန်ဆန်လွန်းပါတယ်။

အစောပိုင်းတုန်းက သူတို့တွေ မျက်နှာဖြူရေနဂါးကြီးနဲ့ တိုက်ခိုက်လို့ အန္တရာယ် ရင်ဆိုင်ရတိုင်းမှာ ရှအင်ပါရီယာ ပြည့်ရှင်တို့တွေက ၀င်ရောက်ကူညီနိုင်ခဲ့ကြတယ်လေ။ ဒါပေမဲ့ သက်တံရဲ့့ ကောင်းကင်ဘုံကို အပြစ်ပေးသူကိုတော့ ကယ်တင်ဖို့ အချိန်မမှီခဲ့တော့ပါဘူး။ မျက်စိတမှိတ်အချိန်အတွင်း သူတစစီဖြစ်သွားခဲ့သလို အင်မော်တယ်တွေလည်း အစုလိုက်အပြုံလိုက်ကို အသတ်ခံလိုက်ရပါတယ်။ အဖြစ်အပျက်တွေက အရမ်းကို မြန်ဆန်လွန်းခဲ့တယ်လေ။

Book 21 - 30Where stories live. Discover now