Book 26 Chp 19

41 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 19 (စစ်အင်အား)

“တာအိုဖခင်ကြီး ဝါးမှင်…”

အလွန်ကိုကြီးမားလှတဲ့ မဟာဝါးပင်ကြီးကိုမြင်လိုက်ရတော့..ဘယ်သူဆို နင်ခန့်မှန်းမိသွားခဲ့ပြီလေ။ လောကသုံးပါးမှာ အဓိကပုဂ္ဂိုလ်ကြီးတွေ အများကြီးကို ရှိနေခဲ့တယ်လေ။ ဒီလူကြီးသာ သူ့ရဲ့ အမှတ်အသားကို ထုတ်မပြခဲ့ဘူးဆိုရင်..  နင်လည်း ဘယ်သူဆိုတာ သိလိမ့်မယ် မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ပြသလာတဲ့အခါမှာတော့ ခန့်မှန်းရ လွယ်သွားပြီလေ။

သူကြားခဲ့ဖူးတဲ့ ဒဏ္ဍာရီတွေအရဆို.. တာအိုဖခင်ကြီး ဝါးမှင်ဟာ သတ်လို့ မသေသူအဖြစ် နာမည်ကြီးသူတစ်ဦးပါ။ သူ့ရဲ့ မူရင်းခန္ဓာကိုယ်ကတော့ အဆုံးအစမဲ့ အသက်ဓာတ်တွေ ပြည့်လို့နေတဲ့ ဒီ မှင်စိမ်းရောင် ဝါးပင်ကြီးပဲလေ။ သူ့ရဲ့ အထူးအသက်ကယ်ပညာရပ်ကို အားကိုးခဲ့တဲ့အတွက်.. ကမ္ဘာဦးခေတ်ကို ဖျက်ဆီးခဲ့တဲ့ မဟာကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်ခဲ့တာလေ။

“ဒါက တာအိုဖခင်ကြီး ဝါးမှင်ဖြစ်လိမ့်မယ်။ သူ့ကို အဝေးကနေ ကြည့်လိုက်တာနဲ့ကို ခြောက်ခြားမှု ခံစားလိုက်ရတာ..။ သူ့ရဲ့ ၀န်းကျင်က အမှောင်ထု စက်၀န်း… ဒါကို ငါသွားထိမိတာနဲ့ ချက်ချင်းကို သေသွားမယ်လို့ ခံစားမိနေတယ်။”

“ဒါ… တာအိုဖခင်ကြီးကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ..။”

“မိုးကောင်းကင်တာအိုကို ထိန်းချုပ်နိုင်တဲ့ တာအိုဖခင်ကြီး…. ဘယ်လောက်တောင် အစွမ်းထက်လိုက်ကြမလဲ မသိဘူးနော်..။”

နဂါးရှစ်ကောင် တိမ်တိုက်မြို့တော်အတွင်းမှာတော့ ပြောဆိုနေသံတွေ ညံနေခဲ့ပါပြီ။

လွတ်မြောက်အင်မော်တယ်တွေက အများစုပဲလေ။ တာအိုဖခင်ကြီးသွေးနီက သူ့ရဲ့ကောင်းကင်အင်မော်တယ် တစ်သန်းကျော်နဲ့ စစ်ရေးပြသတဲ့အချိန်တုန်းက သူတို့တွေ မမြင်ဖူးခဲ့ကြဘူးလေ။ ဒါပေမဲ့ အခုတော့ တာအိုဖခင်ကြီး ဝါးမှင်ကို မျက်ဝါးထင်ထင် သူတို့မြင်တွေ့လိုက်ကြရပါပြီ။

“တာအိုဖခင်ကြီး သွေးနီလည်း လောကစစ်ပွဲအတွက် ဆင်းလာခဲ့မယ်ကြားခဲ့တယ်။”

Book 21 - 30Nơi câu chuyện tồn tại. Hãy khám phá bây giờ