Book 27 Chp 12

37 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 12 (နောက်ဆုံးမှာတော့ အချိန်တန်ခဲ့ပြီ)

“လူတို့၏ ဧကရာဇ် ရှန်းနွန်…”

ဂျိနင်အပါအ၀င် အင်မော်တယ်တွေ၊ ဖင်းဂေါ့တွေ အားလုံးပဲ တုန်လှုပ်သွားခဲ့ပါတယ်။ နွီဝါးက လူသားတွေကို ဖန်ဆင်းခဲ့တာလေ။ လူသားတွေဟာ ချက်ချင်းကို ပွားများလာခဲ့ပါတယ်။ ကမ္ဘာဦးခေတ်အချိန်အခါက လူသားတွေဟာ များပြားလှတဲ့ မျိုးနွယ်ပေါင်းများစွာ အလယ်မှာအလွန်ကို အားနည်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ဘာမှမဟုတ်တဲ့ မျိုးနွယ်ကလေးကနေပြီးတော့ အံ့မခန်း လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးသုံးဦး ထွက်ပေါ်လာခဲ့တယ်လေ။ သူတို့တွေကတော့ ဆူရီယန်၊ ဖူရှီနဲ့ ရှန်းနွန်တို့တွေပါ။

သူတို့ရဲ့ အမိန့်သြဇာအောက်မှာ လူသားတွေဟာတဖြည်းဖြည်းနဲ့ ပိုပြီး အစွမ်းထက်လာခဲ့ပါတယ်။ မိခင်နွီဝါးဟာလည်း သူတို့ သုံးဦးကို အလွန်အလေးထားခဲ့တယ်လေ။ ဒီမှာပဲ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေဟာ လောကသုံပါးတခွင်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။

နွီဝါးမဟာမိတ်တွေရဲ့ အစွမ်းအထက်ဆုံးသော ပုဂ္ဂိုလ်ကြီးတွေကတော့ ဗုဒ္ဓလမ်းစဉ်နဲ့ တာအိုလမ်းစဉ်ရဲ့ ခေါင်းဆောင်ကြီးတွေပါ။

လူသားဧကရာဇ် သုံးဦးဟာ ဒီခေါင်းဆောင်ကြီးနှစ်ဦးနဲ့တောင် နှိုင်းယှဉ်နိုင်တဲ့အဆင့်မှာ ရှိနေခဲ့ပြီလေ။

ယွမ်အဘိုးအိုတို့ ဂိုဏ်းချုပ်ကြီး ရွှီးဖူတိတို့ဟာ သူတို့အဆင့်အောက်မှာ ရှိနေခဲ့ပြီလေ။ ဒါပေမဲ့ ဒီအဓိပ္ပာယ်အရ ဂိုဏ်းချုပ်ကြီးရွှီးဖူတိတို့ ယွမ်အဖိုးအိုတို့ဟာ သူတို့ထက် အားနည်းတယ်ရယ်တော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံအားထုတ်ပြီးကြတဲ့အခါမှာ သူတို့တွေဟာ အဆင့်သစ်တစ်ခုကို ရောက်လို့ သွားခဲ့ပါပြီ။ တကယ့်တကယ် ယှဉ်ပြိုင်မတိုက်ခိုက်ပဲနဲ့တော့ ဘယ်သူက အနိုင်ရမယ်ဆိုတာ မပြောနိုင်တဲ့ကိစ္စတစ်ခုပါ။

ဒါပေမဲ့လည်း… လူသား ဧကရာဇ် သုံးဦးဟာ အစွမ်းပြခဲ့ပြီးဖြစ်သလို သူတို့ဘယ်လောက် စွမ်းတယ်ဆိုတာ မေးခွန်းထုတ်စရာမလိုတော့ပါဘူး။

Book 21 - 30Where stories live. Discover now