Book 27 Chp 4

41 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 4 (စစ်ပွဲအခြေအနေပြောင်းလဲသွားခြင်း)

ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းဟာ ရှအင်ပါရီယာ ပြည့်ရှင်ရဲ့ ကြုံးဝါးသံကို ဂရုစိုက်မနေခဲ့ပါဘူး။ သူ့ရဲ့ မျက်လုံးက အနီရောင်းအလင်းတွေ ဖြာထွက်လာခဲ့ပါပြီ။ သူအရမ်းကို ပေါက်ကွဲနေပြီဆိုတာ သိသာပါတယ်။
“ငါ…ထာ၀ရ စ်ိမ်းလန်းခြင်း .. ဒီနေ့ကိုရောက်ဖို့အတွက် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတယ်။ ဒီနေ့ ဒီအချိန်ကတော့ ငါ့ဘ၀ရဲ့ အတောက်ပဆုံးသော အချိန်အခါပဲ။”
သူ့ရဲ့ လျှို့ဝှက်ထားတဲ့  အစွမ်းတွေကိုအားလုံးကို ဖော်ထုတ်ပြသလိုက်ပြီလေ။ သူရဲံ အင်မေ်ာတယ် ဓားကြီးဟာ အနက်ရောင်အဇူရာ ဓားအလင်းတန်း သုံးခုအဖြစ်ပြောင်းလဲပြီး ကောင်းကင်ကို ဖောက်ထွက်သွားခဲ့ပြီလေ။

“မဖြစ်နိုင်ဘူး”

“ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်း”

“သူလျှို”

“သစ္စာဖောက်”

ကောင်းကင်ဘုံကို အပြစ်ပေးသူ ငါးဦးလုံး ဘဝတွေ ပျက်နေခဲ့ပြီလေ။

သူတို့ ငါးဦးလုံးက အက်ကြောင်းမဲ့ဂိတ်ရဲ့ စုပေါင်းတိုက်ခိုက်မှုကြောင့် ကျဉ်းထဲကျပ်ထဲကျရောက်နေခဲ့ကြတာလေ။ ဒါကြောင့်လည်း ရှအင်ပါရီယာ ပြည့်ရှင်က ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းနဲ့ နတ်မိမယ် နှင်းကချေသည်တို့ကို စစ်ကူပေးဖို့ စေလွှတ်လိုက်တာပေါ့။ သူတို့သာ မကူညီပေးဘူးဆိုရင် ကောင်းကင်ဘုံကို အပြစ်ပေးသူ ငါးဦးလည်း သိပ်ပြီးတောင့်ခံနိုင်တော့မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဓားတန်ခိုးရှင် ထာ၀ရ စိမ်းလန်းခြင်းက နတ်မိမယ် နှင်းကချေသည်ကို သတ်လိုက်ပြီး ရှအင်ပါရီယာ ပြည့်ရှင်တို့ အင်မေ်ာတယ် ဝါးဖြူတို့ရဲ့ တိုက်ခိုက်မှုလောက် ပြင်းထန်တဲ့ အင်အားနဲ့ တိုက်ခိုက်လိုက်ပါတော့တယ်။ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုဟာ သူတို့ငါးဦးကို ကယ်တင်ဖို့ မဟုတ်ပဲ…. သတ်ဖို့ ဖြစ်နေခဲ့ပါပြီ။

ကောင်းကင်ဘုံကို အပြစ်ပေးသူ ငါးဦးလည်း ဘယ်လိုလုပ်ပြီး ခုခံကာကွယ်နိုင်ပါလိမ့်မလဲ။

Book 21 - 30Where stories live. Discover now