Chp 576 ( ဓားကျောင်းတော်)

35 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 576 (ဓားကျောင်းတော်…)

“အရှင့်ရဲ့ အမှုထမ်းအခုပဲ ဆောင်ရွက်လိုက်ပါ့မယ်ခင်ဗျာ..။”
အမှုထမ်းလည်း ရယ်သွမ်းသွေးပြီးတော့ အရှေ့ကို ဆက်ပြီး လျှောက်လှမ်းသွားခဲ့ပါပြီ။

တွန်းတိုက်တိမ်တိုက် တောင်ကြီးက အလွန်ကို ကြီးမားလွန်းပါတယ်။ ချန်ရစ်ထားခဲ့တဲ့ ဓားချက်တွေကိုကြည့်နိုင်မဲ့ နေရာတွေကလည်း အများကြီးရှိနေလို့ပါ။ ပထမဆုံးတန်းမှာတော့ ထိုင်ဖုံ ၂၇ ခု ရှိနေပါတယ်။ ဒါပေမဲ့ ထိုင်ဖုံ တစ်ခုနဲ့ တခု အကြားအကွာအဝေးဟာ  မီတာ သုံးဆယ်မက  ခြားထားလို့ပါ။ ဒီလိုမှပဲ အားလုံး အေးအေးလူလူ ထိုင်ပြီး ကျင့်ကြံအားထုတ်နိုင်မယ်လေ။

နင်ဆီကို အမှုထမ်း လျှောက်လာခဲ့ပါပြီ။
“တာအိုရောင်း….”
အမှုထမ်းက အက်ကွဲကွဲ လေသံနဲ့ ပြောလာခဲ့ပြီး နင်ရဲ့ ပုခုံးကို လှမ်းပုတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ကျင့်ကြံအားထုတ်နေစဉ်မှာ နင်ဟာ သူ့ရဲ့ နှလုံးသားအင်အားနဲ့ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလို့ထားခဲ့တယ်လေ။ တာအိုဖခင်ကြီး ဖူဂျူချန်ရစ်ခဲ့တဲ့ ဓားချက်တွေကိုကြည့်ပြီးတော့ အာရုံစိုက်ကျင့်ကြံအားထုတ်နေခဲ့တာပါ။ ဓားသိုင်းကွက်တွေကို တစ်ခုပြီး တစ်ခု သူလေ့လာသုံးသပ်နေခဲ့ပါတယ်။ ဒါကြောင့် ဓားသိုင်းကွက် အမျိုးအစားပေါင်း ထောင်နဲ့ချီပြီးတော့ကို သူ့အတွေးထဲ သုံးသပ်ခဲ့ပြီးပါပြီ။ ဒီထဲမှာမှာ ဓားသိုင်းကွက် ဆယ်ခုလောက်က ခြေသုံးလှမ်း ဓားသိုင်းထက်ကို ပိုပြီး အစွမ်းထက်နေခဲ့ပြီလေ။

မကြာခဏဆိုသလိုပဲ အတွေးထဲပေါ်လာခဲ့တဲ့ဓားသိုင်းကွက်ကနေ ဥာဏ်အလင်းသူရရှိလာတတ်ပါတယ်။ ဒါကြောင့်လည်း နင်ရဲ့ ဓားအင်အားလမ်းစဉ်မှာ ပိုပြီးခရီးပေါက်လာခဲ့ပြီလို့ ပြောလို့ရပါတယ်။

ဒီအချိန်မှာတော့.. အစွမ်းထက်လွန်းလှတဲ့ ဓားသိုင်းတစ်ကွက်ကို နင်အာရုံအပြည့်ထည့်ပြီး စိတ်ကူးယဉ်ပုံဖော်နေခဲ့တာပါ။

“ဖတ်”

တစ်ဦးဦးက နင်ရဲ့ ပုခုံးကို လာပုတ်ခဲ့ပါတယ်။

Book 21 - 30Where stories live. Discover now