Book 26 Chp 5

34 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 5 (ဂျိနင်ကို သတ်)

ယုဝေလည်း သူ့၀မ်းဗိုက်ကို နင်နားနဲ့ ကပ်ပြီးနားထောင်လာတာ ကြည့်နေခဲ့ပါတယ်။
“ကျွန်မတို့တွေ အမြဲတမ်း ဒီလိုနေနိုင်ကြရင် ဘယ်လောက်ကောင်းမလဲကွယ်…. ဘယ်လိုပဲဖြစ်ဖြစ်…”

ယုဝေရဲ့ နှလုံးသားမှာ ထွက်ပြေးလို့ မရနိုင်တဲ့ အရိပ်မည်းကြီး ရှိနေခဲ့ပြီလေ။

အက်ကြောင်းမဲ့ဂိတ်ရဲ့ လူတစ်ဦးအဖြစ် သူမဟာ အရင်ဘ၀ကတည်းက ဖြစ်ခဲ့တာလေ။ သူမရဲ့ စိတ်ဝိညာဉ်ကို နတ်ဘုရားဘုရင်က အမှတ်အသားပြုထားခဲ့ပြီးပါပြီ။ သူမဘယ်လိုမှကို မတုန့်ပြန်နိုင်ပါဘူး။ စိတ်ဝိညာဉ်တံဆိပ်တော်ကြောင့်လည်း နတ်ဘုရားဘုရင်ကို သူမရဲ့ ဖခင်လို ခံစားမိနေရပါတယ်။ ဒါကို သူမ သိထားပေမဲ့လည်း နည်းနည်းလေးမှကို မုန်းတီးစိတ် မဖြစ်ပေါ်ခဲ့မိပါဘူး။ သူမအရမ်းကို လေးစားကြည်ညိုခဲ့ပါတယ်။ ဒါပေမဲ့ ဂျိနင်ကိုလည်း သူမ တကယ်ကို မနာကျင်စေလိုပါဘူး။

“လွန်ခဲ့တဲ့ သုံးနှစ်အတွင်းက ငါ့အိပ်မက်ထဲကို အဇူရာမြေခွေး တစ်ကြိမ်ပဲ ရောက်လာခဲ့တယ်။ စစ်ပွဲကြီးတစ်ဖြစ်ပွားတဲ့အချိန်ပေ့ါ.. ။ နောက်ပိုင်း သူတို့တွေ ငါ့ကို ထပ်ပြီးမဆက်သွယ်လာခဲ့ဘူး။”
ယုဝေလည်း ဒီအချက်ကို စိတ်ပူနေမိပါတယ်။
“ဘာဖြစ်လို့ သူတို့တွေ ငါ့ကို ထပ်ပြီးအမိန့်ထပ်မပေးကြတာလဲ..။”

တိုက်ပွဲတွေဟာ ကြာမြင့်လာခဲ့ပြီဖြစ်သလို ဂျိနင်နဲ့ သူမလည်း ပိုပြီးတော့ နီးကပ်လာခဲ့ပြီလေ။

ဂျိနင်နဲ့ သူမတို့ လမ်းခွဲရတဲ့ တစ်ရက်က ရောက်ကိုရောက်လာမှာပါ။

“အဲဒီနေ့ရက် စောစောစီးစီးရောက်မလာပါစေနဲ့လို့ ဆုတောင်းရမှာပဲ..။”

“ငါတို့ကလေးလေး ပထမဆုံး ဘေးကင်းရန်ကင်းနဲ့ လောကထဲ ရောက်လာပါစေ..။”
တိတ်တဆိတ် သူမဆုတောင်းနေမိပါတယ်။

နောက်တစ်ရက်နေ့လည်ခင်း… ကောင်းကင်ထက်မှာ ရွှေကျီးကန်းပျံသန်းတာ တော်တော်မြင့်မြင့်ရောက်နေခဲ့ပါပြီ။

အက်ကြောင်းမဲ့မြို့တော်..

ပင်မနန်းတော်ကြီး…

Book 21 - 30Onde histórias criam vida. Descubra agora