Book 23 Chp 18

43 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 18 (ရွှီးဖူတိ)

“ရှင်ကကော ဘယ်သူလဲ..။”
မိခင်ဘုရင်မကြီးကိုယ်ပွား ၃ ခုလည်း လှမ်းမေးလိုက်ပါတယ်။ သူတို့တွေ အသင့်အနေအထားမှာ ရှိနေပြီးသားပါ။ တာအိုတန်ခိုးရှင်၀တ်စုံ ၀တ်ဆင်ထားတဲ့ အဖိုးအို ပေါ်လာပုံက အလွန်ကိုကြောက်စရာကောင်းနေတယ်လေ။ စကြ၀ဠာလေဟာနယ်ကို ဆွဲဖြဲပြီးတော့ အထူးနည်းလမ်းကို အသုံးပြုပြီး စကြ၀ဠာတခွင် တည်နေရာရွှေ့ပြောင်းသွားလာကြတာ သိကြပြီးဖြစ်မှာပါ။ ဒါပေမဲ အဖိုးအိုက စကြ၀ဠာလေဟာနယ်ဝဲကြီးနဲ့အတူ သူကအတွက် လျှောက်လမ်းတစ်ခုကိုပါ ဖန်ဆင်းပြီး အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့တာလေ။

လျှပ်တပြက်ဆိုပြီး ဖြစ်လာတာ ဘာမှ မရှိပါဘူး။ ဒီအဆင့်ကို  မိခင်ဘုရင်မကြီး ၃ဦးလည်း လုံး၀ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလေ။

ဂြိုလ်ခုနစ်ပါးရဲ့ အင်ပါရီယာ နတ်ဘုရားကြီးဟာ အဖိုးအိုကို ကြည့်ပြီး၀မ်းသားပျော်ရွှင်သွားခဲ့ပါပြီ။

“ရွှီးဖူတိ လာပြီ..။”

“ငါသိတယ်။ ဒီလောက်ကြောက်စရာကောင်းနေတဲ့ ပါရမီရှင် တပည့်ပျောက်သွားမှတော့ ရွှီးဖူတိအနေနဲ့ လိုက်ကိုရှာရမှာပဲ။”

“ဟားဟား.. ငါတို့မသေတော့ဘူးကွ..။”

အင်ပါရီယာ နတ်ဘုရားကြီးနှင်းနီလည်း အခုမှ သက်ပြင်းချလိုက်နိုင်ပါတော့တယ်။ ရွှီးဖူတိက သူတို့ကို ကယ်တင်နိုင်မယ်ဆိုတာကို အားလုံးက လုံ၀ဥသုံ ယုံကြည်ထားကြပြီးသားပါ။ လောကသုံးပါးမှာ ရွှီးဖူတိဟာ တကယ့် အထွတ်အထိပ်မှ အထွတ်အထိပ်အဆင့်မှာ ရှိနေသူဖြစ်ပြီးတော့ အလွန်ကိုလည်း ဆန်းကြယ်တဲ့ တာအိုဖခင်ကြီးတစ်ဦး ဖြစ်နေတယ်လေ။ တာအိုတန်ခိုးရှင် အသက်သုံးချောင်းတောင်မှ သူနဲ့ယှဉ်ရင် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။

“ဒါက ငါတို့ ချိုကျိုးကမ္ဘာရဲ့ ပိုင်နက်နယ်မြေပဲ။ ငါတို့ ညီအမ သုံးဦးလုံး ရှင်နဲ့ရန်သူမဖြစ်လိုပါဘူးရှင်။”
တာအိုတန်ခိုးရှင် ၀တ်စုံကို၀တ်ဆင်ထားတဲ့ အဖိုးအိုကို မိခင်ဘုရင်မကြီးရဲ့ ကိုယ်ပွား ၃ ခုက စိုက်ကြည့်နေပါတယ်။ အင်ပါရီယာ နတ်ဘုရားတွေကို မျက်စိထဲ ထည့်မထားတော့ဘူးလေ။

Book 21 - 30Where stories live. Discover now