Book 22 Chp 3

46 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 3 (အရှေ့တောင်တန်းသို့ ဦးလှည့်ထားသောဓား)

ယူချီရှီးယွဲ့လည်း လက်စားချေချင်စိတ် ပြင်းထန်ခဲ့ပါတယ်။ လက်စားချေဖို့အတွက် သူမရဲ့ အသက်ကို စတေးဖို့တောင် ၀န်မလေးဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့.. သူမရဲ့ ဖခင် ယူချီမောင့်ကလည်း အမြဲတမ်း လက်စားချေလိုခဲ့တာကြောင့်ပါပါတယ်။ သူမဖခင်ရဲ့ အိပ်မက်ကို သူမဆက်ပြီး အကောင်အထည်ဖော်ဖြစ်မှာပါ။ ယူချီကလန်အတွက်… သူမ သွေးကြွေးဆပ်ကို ဆပ်ရမယ်လေ။

ဒါပေမဲ့ မီးလျှံငယ်ကလန်က ဘယ်လောက်တောင် အစွမ်းထက်လည်းဆိုတာကို သူမသေချာသိထားပြီးသားပါ။ ဂျိနင်က လေ့ကျင့်ခဲ့တာမှာ ရာစုနှစ် တစ်နှစ်တောင် မပြည့်သေးဘူးလေ။ သူ့အနေနဲ့ မီးလျှံငယ်ကလန်ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ..။

“မောင်လေး… အရူးစမ်းပါနဲ့…”
ရှီးယွဲ့လည်း စိတ်ပူစွာ ပြောလိုက်ပါတယ်။

“၀မ်းကွဲအမ… စိတ်မပူပါနဲ့.. ကျွန်တော့်မှာ အစီအစဉ် ရှိပြီးသားပါ။”
သူက ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်ပါတယ်။
“မီးလျှံငယ်ကလန်က ကောင်းကင်အင်မော်တယ်တွေကို သေအောင်သတ်နိုင်မယ်လို့ ယုံကြည်မှု အပြည့်မရှိပေမဲ့လည်း.. သူတို့ကို  ကောင်းကောင်းကြီး သင်ခန်းစာပေးနိုင်နေပါပြီ။”

ယူချီရှီးယွဲ့က စိတ်ပူလို့နေဆဲပါ။
“မောင်လေးမှာ တကယ်ယုံကြည်မှု အပြည့်ရှိနေတာလား..။”

နင်က ခေါင်းညိတ်လိုက်ပြီး
“သေချာတာပေ့ါ…”

သူက မဟာကောင်းကင်အင်မော်တယ် တစ်ဦးလောက်ကို အစွမ်းထက်နေပြီလေ။ ဂိုဏ်းချုပ်ကြီး ရွှေနာရီနဲ့ ဂိုဏ်းချုပ်ကြီး သေမင်းသစ်တုံးတို့ကို သူ့အနေနဲ့ မှုစရာ မလိုတော့ပါဘူး။ ဂိုဏ်းချုပ်အရူးကြီးတစ်ဦးတည်းသာ သူ့ကို ဒုက္ခပေးနိုင်မှာပါ။ ဒါပေမဲ့.. သူ့အနေနဲ့ မခုခံပဲ ဂိုဏ်းချုပ်အရူးကြီးရဲ့ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်နေပြီလေ။ သူ့ရဲ့ ခန္ဓာကိုယ်ကို ၈၉ ပါး လျှို့ဝှက်နတ်သိုင် ပဉ္စမမြောက်စက်ဝုိင်းက ကာကွယ်ပေးထားပြီဆိုတော့ကာ… ဘယ်တိုက်ခိုက်မှုကိုမှ ကြောက်နေစရာ မလိုတော့ဘူးလေ။

Book 21 - 30Where stories live. Discover now