Chp 566 ( လောကသုံးပါးရဲ့လျှို့ဝှက်သမိုင်း 3 )

40 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 566 (လောကသုံးပါးရဲ့ လျှို့ဝှက်သမိုင်း ၃)

“ဖူရှီက လူသားအဖြစ် ပြန်လည်မွေးဖွားလာပြီးတဲ့အခါမှာတော့.. ယင် နဲ့ယန် မိုးကောင်းကင်တာအိုတွေကို သူအောင်မြင်သွားခဲ့တယ်။ ဒီအချိန်မှာတော့ ၀င်္ကပါနဲ့ပတ်သက်ပြီး အံ့မခန်းကို သူထူးချွန်ခဲ့တယ်လေ။ ဒီနေ့အထိကိုပဲ သူက လောကသုံးပါးတခွင်ရဲ့ အစွမ်းအထက်ဆုံး ၀င်္ကပါပညာရှင် ဖြစ်နေဆဲပေါ့..။”
ရွှီးဖူတိက စကားဆက်လိုက်ပါတယ်။
“သူဘယ်လောက်ပဲ ကြောက်စရာကောင်းနေခဲ့ပါစေ.. အတိတ်ဘ၀ရဲ့ မှတ်ဥာဏ်တွေဟာ ဘယ်တော့မှ မနိုးထလာခဲ့တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အသက်ဓာတ် မိုးကောင်းကင်တာအိုကိုသူမအောင်မြင်ခဲ့သေးလို့ပေါ့..။”

နင်လည်း သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးက မိုးကောင်းကင်တာအို နှစ်ခုကိုတောင် အောင်မြင်သွားခဲ့ပြီးပြီ..။ ဒါပေမဲ့ မှတ်ဥာဏ်တွေက ပြန်လည်မနိုးထလာနိုင်သေးဘူးလား..။ မိုးကောင်းကင်ဟာ လူသားနဲ့ အင်မော်တယ်တွေကို ကျီစယ်လွန်းခဲတာပဲ..။

“တကယ်ဆိုရင်တော့… သူဟာ တချိန်တုန်းက အကြီးအကဲ နတ်ဘုရားဖြစ်ခဲ့တဲ့အတွက် အလွန်ကို အစွမ်းထက်လှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့တယ်လေ။ အခု သူ့ရဲ့ လက်ရှိအဆင့်ကလည်း အတ်ိတ်ဘ၀ အကြီးအကဲ နတ်ဘုရားကြီးရဲ့  အဆင့်လောက်နဲ့ မတိမ်းမယိမ်းမှာ ရှိနေခဲ့ပြီ..။”
ရွှီးဖူတိလည်း စကားဆက်လိုက်ပြီးတော့
“ဒီလို ပြန်လည်မွေးဖွားလာခြင်းဟာ ဖူရှီအတွက် ကောင်းခြင်းလား ဆိုးခြင်းလားဆိုတာ ဆရာလည်း မပြောတတ်တော့ဘူး။”

“ခေတ်ကာလအနေနဲ့ဆိုရင်.. ကမ္ဘာဦးခေတ်ကြီးဟာ အင်မတန်မှကို ကြာရှည်အောင် တည်တံ့ခဲ့တယ်။ တချို့ဆို တာအိုကိုပဲ အာရုံစိုက်ထားကြပြီး တချို့ကတော့ စစ်ပွဲတွေနဲ့ သတ်ဖြတ်ဖို့အတွက်ပဲစိတ်၀င်စားကြတယ်။ လူသားမျိုးနွယ်စုတွေဟာလည်း ရုတ်တရက်ဆိုသလို ထင်ရှားလာခဲ့ပြီလေ။ ဒီမှာပဲ စစ်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ရင်ဆိုင်တိုက်ခိုက်ကြရတော့တယ်။ အဓိက ပုဂ္ဂိုလ်ကြီးတွေ တော်တော်များများသေဆုံးခဲ့ရသလို အင်ပါရီယာ နတ်ဘုရားကြီးတွေလည်း အများကြီးသေဆုံးခဲ့ကြရတယ်။”
ရွှီးဖူတိလည်း ခေါင်းကို ခါယမ်းပြီး သင်ပြင်းကို လေးပင်စွာချလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ ၀မ်းနည်းပူဆွေးမှု အချို့ မြင်တွေ့ရမှာပါ။
“ဒီလို ရည်မှန်းချက်ကြီးမားခဲ့တာတွေကြောင့်လည်း အကြီးအကဲ နတ်ဘုရားတွေ တော်တေ်ာများများ သေဆုံးခဲ့ကြရတယ်။ ကမ္ဘာဦးခေတ်ရဲ့ အစွမ်းအထက်ဆုံးသော အင်အားစုကြီးဖြစ်တဲ့ နဂါးမျိုးနွယ်တွေတောင်မှ ဘိုးဘေးနဂါးကြီးသေဆုံးသွားခဲ့ချိန်မှာ အမှောင်ထုကပ်ဘေးကို ရင်ဆိုင်ခဲ့ကြရတယ်လေ။”

Book 21 - 30Where stories live. Discover now