Book 21 Chp 18

44 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 18 (သွေးပင်လယ်အား နက်ရှိုင်းတဲ့ ရန်ညှိုး)

စကြ၀ဠာ အက်ကွဲကြောင်းဟာ လွင်ပြင်အထက် ကောင်းကင်မှာ ပေါ်လို့ လာခဲ့ပါပြီ။ လူရိပ်နှစ်ခုလည်း စကြ၀ဠာ အက်ကွဲကြောင်းကနေ ထွက်ပေါ်လို့ လာခဲ့ပြီလေ။ တောင်ဝှေးကို ကိုင်လို့ထားတဲ့ ကောင်းကင်အင်မော်တယ် ခါးကုန်းကြီးမွန့် နဲ့ ကောင်းကင်အင်မော်တယ် ဒန်ချိုင်ပါ။

“အရှေ့မှာပဲ..”

“၀င်္ကဘာက အဲ့ဒီနယ်မြေကို ကာကွယ်ထားတယ်…။”

ကောင်းကင်အင်မော်တယ် ခါးကုန်းကြီးမွန့်ကော ဒန်ချိုင်ပါ သူတို့ရဲ့ ပင်မစိတ်အာရုံတွေကို ကီလိုမီတာ တစ်သောင်းလောက်အထိ ရောက်လာလာခြင်းပဲ ဖြန့်ကျက်လိုက်ကြပါတယ်။ ဒီမှာပဲ သူတို့တွေ ၀င်္ကဘာကြီးကို တွေ့သွားခဲ့ကြတာပါ။ မီးလျှံငယ်ကလန်က ကောင်းကင်အင်မော်တယ် လေးဦး နေရာချထားတဲ့ ၀င်္ကဘာက သူတို့ရဲ့ ဌာနချုပ်ကိုကာကွယ်ဖို့ မဟုတ်တဲ့အတွက် အရမ်းကြီး တန်ဖိုးကြီးတာကို အသုံးမပြုထားပါဘူး။ ဒီ၀င်္ကဘာက ရန်သူကို ဖမ်းချုပ်တားဆီးထားပြီး စွမ်းအင်လှိုင်းတွေကို အပြင်ဖြာထွက်တာ ကာကွယ်နိုင်ရုံပါ။ ရန်သူအနေနဲ့ စကြ၀ဠာ ခုန်ကျော်ခြင်း အစွမ်းကို အသုံးပြုလို့ မရအောင် တားဆီးထားနိုင်တယ်လေ။  ဒါပေမဲ့ ကောင်းကင်အင်မော်တယ်ရဲ့ ပင်မစိတ်အာရုံကိုတော့ တားဆီးထားနိုင်ဖို့ မလုံလောက်သေးပါဘူး။

“ဂျိနင်…”
သူတို့ ပင်မစိတ်အာရုံနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အရမ်းကို တုန်လှုပ်လို့သွားပါတော့တယ်။

ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို အသုံးပြုထားတဲ့ ဂျိနင်ကို  ကြောက်မက်ဖွယ်ကောင်းလှတဲ့ ကောင်းကင်အင်မော်တယ် လေးဦးက မဟာ၀င်္ကဘာထဲ ဝိုင်း၀န်းတိုက်ခိုက်နေကြတာလေ။

ဂိုဏ်းချုပ်ကြီးအာကေနမ်ရဲ့ ကြယ်တာရာပြောင်းလဲခြင်း ၀င်္ကဘာကြောင့် နင်ရဲ့ လှုပ်ရှားမှုတွေ ထိခိုက်တုန့်ဆိုင်းလို့ နေခဲ့ပါတယ်။

ဂိုဏ်းချုပ်ကြီး ရွှေနာရီကလည်း သူ့ရဲ့ ထိပ်တန်းအဆင့် သန့်စင်သောယန် မှော်ရတနာ မဟာနာရီကြီးကို အသုံးပြုပြီးတော့ ရန်သူကို ဖိအားပေးပြီး ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေလို့ပါ။

Book 21 - 30Where stories live. Discover now