Book 23 Chp 3

40 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 3 (နှစ်၀က်အကြာမှာ…)

မီးလျှံငယ်ကလန်က စတေးဝါးတားပြည်နယ်ကို လူလွှတ်ပြီးတော့ နင်အကြောင်း စုံစမ်းခဲ့သလို.. ရှအင်ပါရီယာ ပြည့်ရှင်ကလည်းသူ့ရဲ့လူ မိုးကောင်းကင်မြေခွေးကို စေလွှတ်လိုက်တယ်လေ။

“မိုးကောင်းကင်မြေခွေး.. အဖြူအနက်ကောလိပ်ကို သွားချေ။ ဂျိနင် အသက်ရှင်နေသေးလား သေသွားပြီလားဆိုတာ ငါသိထားမှ ရမယ်။”

“ဟုတ်ကဲ့ပါဆရာ..”
မိုးကောင်းကင်မြေခွေးလည်း ချက်ချင်းထွက်ခွာသွားပါတော့တယ်။

နင် သေလား ရှင်လားဆိုတာကို ရှအင်ပါရီယာပြည့်ရှင် သိလိုနေပါတယ်။ နင်က တာအိုဖခင်ကြီးတစ်ဦးရဲ့ တပည့်ဖြစ်မယ်လို့ သူ ကောက်ချက်ဆွဲခဲ့ပြီးသားလေ။ ဒီလို ပါရမီရှင်က ချက်ချင်းပျောက်ကွယ်သွားရတော့့မှာလား..။ စိတ်ခံစားချက်အရဆိုရင်.. ဒီအဖြစ်အပျက်ကို ရှအင်ပါရီယာပြည့်၇ှင် မယုံကြည်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မီးလျှံငယ် ရုပ်ဆိုးကြီးရဲ့ ပြောပြချက်ကို ကြားလိုက်ရတဲ့ အခါမှာတော့.. ချက်ချင်းပဲ နတ်ဘုရားသတ် အစောင့်အရှောက်တွေကို စေလွှတ်ပြီး လွတ်မြောက်သွားတဲ့ဖင်းဂေါ့တွေကို နှိမ်နင်းစေခဲ့တယ်လေ။ ပြီးတာနဲ့ သူ့ရဲ့ အရာရာသိတဲ့ ကြေးမုံကြီးနဲ့ ကျောက်စိမ်းအို တောင်တန်းရဲ့ အဖြစ်အပျက်တွေကို စတင်စောင့်ကြည့်နေလိုက်ပါတော့တယ်။ ဒီမှာပဲ အရာရာသိတဲ့ ကြေးမုံကြီးကနေ ကံမ္မအကုသိုလ် အပြစ်သားမီးလျှံတွေ ဆင်းသက်လာတာကို ကိုယ်တိုင်မြင်တွေ့လိုက်ရတယ်လေ။

“သူလေ့ကျင့်ခဲ့တာမှ တစ်ရာစုတောင် မပြည့်သေးဘူး။ သူက ကမ္ဘာတစ်ခွင်မှ မြင်ရခဲတဲ့ ပါရမီရှင်ပေမဲ့လည်း… ကမ္မအကုသိုလ် အပြစ်သား မီးလျှံတွေကို ရင်ဆိုင်ရတာမှာ… သူ့အတွက် အသက်ရှင်ဖို့က ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိနေတယ်။”
ရှအင်ပါ၇ီယာပြည့်ရှင်က သူ့ရဲ့ ကြေးမှန်ကြီးကနေ နင်နဲ့ မီးလျှံငယ်ကလန် တိုက်ပွဲကို စောင့်ကြည့်နေခဲ့တယ်လေ။ သူက နင်နဲ့ မိတ်ဆွေဖြစ်ချင်သလို မီးလျှံငယ်ကလန်ကလည်း သူ့လက်ရုံးကလန်ကြီးလေ။ ဒါကြောင့် သူ့အတွက် ၀င်စွက်ဖက်ဖို့ဆိုတာ ဘယ်လိုမှကို မသင့်တော်ပါဘူး။ ဘေးမှာသာ ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါတယ်။

Book 21 - 30Where stories live. Discover now