Book 22 Chp 16

45 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 16 (ငါ မင်းရဲ့ အပြန်လမ်းကို လိုက်ပို့ပေးမယ်)

အနီရောင် ကမ္မအကုသိုလ် အပြစ်သားမီးလျှံတွေဟာ အတိုင်းအဆမဲ့ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှပါတယ်။ ဒါပေမဲ့ ထူးခြားဆန်းကျယ်တဲ့ မြင့်မြတ်တဲ့ အရှိန်အဝါတွေလည်း သူတို့မှာ ရှိနေလို့ပါ။

သူတို့တွေဟာ အကုသိုလ် ပြစ်မှုတွေကို လောင်ကျွမ်းဝါးမျိုလိုက်ဖို့သာ သီးသန့်တည်ရှိနေတဲ့ တည်ရှိမှုလေ။

“အား!!!”

ကောင်းကင်ထက်မှာတော့ ဂျိနင်ရဲ့ မျက်လုံးတွေ လုံး၀ကို သွေးချင်းချင်းနီလာခဲ့ပါပြီ။ သူ့ရဲ့ ဦးခေါင်းကို ဆုပ်ကိုင်လို့ထားသလို မြေပြင်ပေါ်ကိုလည်း သူပြုတ်ကျလာခဲ့ပြီလေ။

ရေအောက်နန်းတော်ရဲ့ ဆိတ်ငြိမ်ခန်းထဲ၀ယ်..

နင်ရဲ့ မူလအမွှာဟာ အစောကတည်းကကို ငရဲရေခဲကျောက်စိမ်းခုတင်ထက်မှာ ကြာပန်းသဏ္ဍာန် ထိုင်လို့နေတယ်လေ။ အခုတော့ သူ့ရဲ့ ခန္ဓာကိုယ်မှာ သွေးနီရောင်ကမ္မအကုသိုလ် အပြစ်သားမီးလျှံတွေ တောက်လောင်လို့နေပါပြီ။ အနက်ရောင်မူလအမွှာလည်း အခုဆို ငရဲရေခဲကျောက်စိမ်းခုတင်ထက် ဒူးထောက်ထိုင်ပြီးတော့ နာကျင်စွာအော်ဟဟ်ညည်းညူလို့ ရှိနေပါပြီ။ နာကျင်စွာလူးလှိမ့်ရင်း ခုတင်ထက်ကနေ ပြုတ်ကျလာခဲ့ပြီလေ။

“မဖြစ်နိုင်ဘူး.. အား… မဖြစ်နိုင်ဘူး…”
အနက်ရောင်၀တ် မူလအမွှာနင်ဟာ နာကျင်ကြေကွဲစွာ ဆက်ပြီးအော်ဟစ်လို့နေပါတယ်။

အပြင်လောကမှာတော့ နင်ဟာ ကောင်းကင်ထက်ကနေ ပြုတ်ကျလာခဲ့ပါပြီ။ မြေပေါ်မှာလည်း သူ့ဦးခေါင်းကို လက်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ရင်ကွဲမတတ်အော်ဟစ်ညည်းညူနေလို့ပါ။

“သူမသေဘူးလား..”
မီးလျှံငယ်ကလန်ရဲ့ ဘိုးဘေးကြီးဟာ အလွန်ကို တုန်လှုပ်လို့ သွားခဲ့ပါတယ်။ ကျန်တဲ့ ကောင်းကင်အင်မော်တယ် ၆ ဦးဟာလည်း လွန်းပျံကြီးအပြင်ထွက်လာခဲ့ကြပြီလေ။ သူတို့တွေလည်း မြင်ကွင်းကိုကြည့်ပြီး အံ့သြပျော်ရွှင်လို့ နေကြပါတယ်။
“သူ ချက်ချင်းကို လောင်ကျွမ်းပြီး မသေဆုံးသွားဘူးပဲ..။”

Book 21 - 30Where stories live. Discover now