ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 602 (မာကျောသော နှလုံးသား)လောကသုံးပါး… ကောင်းကင်ဘုံ… အရှေ့ပိုင်းနယ်မြေက တာအို နန်းတော်ဟာ ဒီနေ့တော့ စည်ကားလို့နေပါတယ်။
ပုဂ္ဂိုလ်ကြီးတွေ တေ်ာတေ်ာများများလည်း ဒီမှာ ရှိနေခဲ့ကြပြီလေ။ ဗုဒ္ဓ သက္ကဂ္ဂထာ နဲ့ အော်မိသော်ဖောတို့တောင်မှ ရောက်လာခဲ့ကြပါပြီ။
“ဂုဏ်ပြုပါတယ်။ တာအိုရောင်းရင်း..”
“အရှေ့ပန်းပွင့်… နောက်ဆုံးတော့ မင်းအဆင့်တက်သွားပြီပေါ့..”
“ဂိုဏ်ယူပါတယ်။”
“ဟားဟား… အရှေ့ပန်းပွင့်.. နောက်ဆုံးတော့လည်း မင်းအဆင့်တက်သွားခဲ့ပြီ။ ဒီနေ့ကိုရောက်လာဖို့အတွက် ကမ္ဘာဦးခေတ်ကတည်းကနေ ငါစောင့်လာခဲ့ရတာကွ…”
တာအိုနန်းတော်တစ်ခုလုံးဟာလည်း ဆူညံစည်ကားနေလို့ပါ။ အခုဂုဏ်ပြုခံ ပုဂ္ဂိုလ်ကြီးကတော့ တာအိုတန်ခိုးရှင် သန့်စင်ခြင်း သုံးပါး မဟုတ်တော့ဘူးလေ။ တာအိုလမ်းစဉ်တစ်ခုလုံးက အများကြီး မျှော်လင့်ထားခဲ့ကြတဲ့ ဂိုဏ်းချုပ်ာကီး လူ.. လူတုံပင်ပါ။ အစောပိုင်တုန်းက ဂိုဏ်းချုပ်ကြီးလူဟာ ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာထဲ ၀င်ရောက်သွားခဲ့တယ်လေ။ ပြန်ရောက်လာပြီးတဲ့အခါမှာတော့.. သူက တာအိုဖခင်ကြီးအဆင့်ကို ရောက်နေပြီဆိုတာ အားလုံးသိလိုက်ကြပါတော့တယ်။ ဒါကြောင့်လည်း .. သူပြန်ရောက်လာတဲ့အခါမှာ ပုဂ္ဂိုလ်ကြီးတွေက အောင်မြင်မှုအတွက် ဂုဏ်ပြုပွဲ ကျင်းပခဲ့ကြတာပါ။
“ဖူရှီ…”
“ဖူရှီ.. မတွေ့တာတောင် တော်တော်ကြာပြီပဲ…”
ပုဂ္ဂိုလ်ကြီးတွေဟာလည်း အစုအဖွဲ့လေးတွေနဲ့ ဝိုင်းဖွဲ့ပြီး စကားပြောလို့ နေကြပါတယ်။ တချို့ကတော့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ကြတာဖြစ်ပြီးတော့ တချို့ကတော့ ကိုယ်ပွားပဲ စေလွှတ်ခဲ့ကြတာပါ။
“ရွှီးဖူတိ…”
“ဖူရှီ…”
ရွှီဖူတိနဲ့ ဖူရှီတို့ တာအိုနန်းတော်မှာ ဆုံခဲ့ကြပါတယ်။ ရွှီးဖူတိကတော့ ကိုယ်တိုင် ရောက်လာခဲ့တာ ဖြစ်ပေမဲ့လည်း ဖူရှီကတော့ ကိုယ်ပွားပဲ စေလွှတ်လိုက်တာပါ။