Book 23 Chp 1

42 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 1 (အုပ်ချုပ်သူ)

မြေမှုန်နီကပ်ဘေးရဲ့ ကြောက်စရာအကောင်းဆုံးကတော့ ထောင်ပေါင်းများစွာ အသက်နှလုံးသား ကပ်ဘေးပါ။ ဒါက  အကြိမ်ထောင်ပေါင်းများစွာ ပြန်လည်မွေးဖွားလာခြင်းကို ကြုံတွေ့ရတာနဲ့ အတူတူပါပဲ..။ တာအိုနှလုံးသား အားနည်းတယ်ဆိုရင်တော့… အမြဲထာ၀ရကို နစ်မြုပ်သွားရတော့မှာပါ။

ပြောရရင်.. တန်ခိုးရှင်တွေအတွက်လည်း ဘဝပေါင်းများစွာကို ဖြတ်သန်းပြီးတဲ့ အချိန်ကျရင်.. ကိုယ့်ရဲ့ အရင်ဘ၀ကို မေ့သွားတာ ဖြစ်နိုင်တယ်လေ။ တစ်ချိန်တည်းမှာ လူပေါင်းများစွာအဖြစ် ပြောင်းလဲခဲ့ပြီး သူတို့ရဲ့ အတွေ့အကြုံ ဘဝတွေကို ဖြတ်သန်းလာခဲ့ရတာ… ဒါတွေကြောင့် မူလကိုယ် ထာ၀ရကို ဆုံးရှုံးသွားနိုင်တယ်လေ။

ဘဝထောင်ပေါင်းများစွာကို ကိုယ်တိုင်ဖြတ်သန်းနေထိုင်ရတာ ကြုံတွေ့ရတာ… တန်ခိုးရှင် အများစု ဘယ်လိုမှကို မကျော်ဖြတ်နိုင်တဲ့ ကပ်ဘေးပါ။ ဒီအချိန်မှာတော့ ကမ္မအကုသိုလ်မီးလျှံတွေက သူတို့ရဲ့ စိတ်ဝိညာဉ်ကို လောင်ကျွမ်းဝါးမျိုသွားပါလိမ့်မယ်။

ထောင်ပေါင်းများစွာ ဘ၀ နှလုံးသား ကပ်ဘေးမှာ အလွန်ကို ဆိုးရွားတဲ့ အချက်တွေ ရှိနေပါသေးတယ်။ ဒါက လူတစ်ယောက်ကို အကြိမ်ထောင်ပေါင်းများစွာ ပြန်လည်မွေးဖွားလာစေသလို မရိုးရှင်းသေးပါဘူး။ ဂျိနင်က ဥပမာတစ်ခုပဲလေ။ ပြန်လည်မွေးဖွားလာတိုင်းမှာ တခြားတစ်ယောက်ရဲ့ ဘ၀ပုံပြင်ကို သူ့ကိုယ်ပိုင် ဘ၀အဖြစ် ဖြတ်သန်းရတယ်လေ။ ဒီမှာပဲ နောင်တတရားနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အပြစ်တင်မိပါတယ်။ သူသာ အကုသိုလ်ကျူးလွန်သူ အပြစ်သားကြီးတွေရဲ့ စိတ်ဝိညာဉ် ဘ၀ကို ပြန်မွေးဖွားလာရတာ ဒါမှမဟုတ် ပုံသေမရှိပဲ လူတိုင်းရဲ့ စိတ်ဝိညာဉ်နဲ့အတူ ပြန်မွေးဖွား လာရတာဆိုရင် သူ့ရေခဲနှလုံးသား စိတ်ဝိညာဉ်ဟာ နည်းနည်းလေးမှကို တုန်လှုပ်ခဲ့မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အကြိမ်တိုင်းမှာ နင်ရဲ့ စိတ်ဝိညာဉ်က သူနဲ့ ဘ၀အတွေ့အကြုံချင်း သမိုင်းကြောင်းချင် ဆင်တူတဲ့ ပဲ့တင်သံ တထပ်တည်းကျနိုင်တဲ့ စိတ်ဝိညာဉ်တွေနဲ့သာ အတူ ပြန်လည်မွေးဖွားခဲ့တယ်လေ။ တဖြည်းဖြည်းနဲ့ ဒီအတွေ့အကြုံတွေဟာ သူ့ရဲ့ ရေခဲနှလုံးသားကို ထိုးဖောက်စိမ့်၀င်လာပြီး အတွင်းနှလုံးသားကို ရောက်လာခဲ့ပါပြီ။

Book 21 - 30Where stories live. Discover now