Chp 567 ( အင်ပါရီယာနတ်ဘုရား မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှု)

45 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 567 (အင်ပါရီယာ နတ်ဘုရား မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှု)

“အင်ပါရီယာ နတ်ဘုရားစမ်းသပ်စစ်ဆေးမှုက အရမ်းကိုခက်ခဲလွန်းတယ်လို့ သမီးကြားဖူးခဲ့တယ်လေ။”
ပင်းယွဲ့အရမ်းကိုစိတ်ပူနေခဲ့ပါပြီ။ သူမရဲ့ လက်လေးနှစ်ဖက်ကို တင်းကျပ်စွာ ရင်ဝရှေ့ယှက်ထားလို့ပါ။

နင်လည်း ဒူးထောက်ထိုင်ချလိုက်ပြီးတော့ သမီးလေးကို ပွေ့ဖက်ထားလိုက်ပါတယ်။ သူမကိုကြည့်ပြီးတော့ သူပြုံးပြလိုက်ပါပြီ။
“ပင်းယွဲ့… စိတ်မပူပါနဲ့..။ အင်ပါရီယာ နတ်ဘုရားစမ်းသပ်စစ်ဆေးမှုတွေက တခြားသူတွေအတွက် အန္တရာယ်များကောင်းများနိုင်ပေမဲ့.. အဖေ့အတွက်ကတော့ ဘာမှမဟုတ်တော့ပါဘူးကွယ်။”

“တကယ်ပဲလား..”
ပင်းယွဲ့ တွေဝေနေခဲ့ပါတယ်။

“တကယ်ပဲပေါ့ကွယ်။ အဖေ့ကို ယုံလိုက်စမ်းပါ။”
နင်ပြန်ပြောလိုက်ပါတယ်။

“ကောင်းပြီလေ။”
ပင်းယွဲ့လည်း နင်ရဲ့ ဦးခေါင်းကိုလက်ကလေးတွေနဲ့ပွေ့ဖက်လိုက်ပြီးတော့
“အဖေ.. အမေ မရှိတော့ဘူးနော်။ သမီးလည်း အဖေထပ်ထွက်သွားတာ မမြင်ချင်တော့ဘူး။”

နင်ရင်နာသွားခဲ့ပါတယ်။

ပင်းယွဲ့ကအရမ်းကို ငယ်ရွယ်လွန်းနေသေးတယ်လေ။ ယုဝေသေဆုံးသွားခြင်းက သူမအပေါ်အကြီးအကျယ်ကို အကျိုးသက်ရောက်မှု ရှိနေခဲပါပြီ။

“အဖေ့အနေနဲ့ သမီးလေးကိုဘယ်တော့မှ မထားသွားပါဘူးကွယ်။”
နင်လည်းသမီးလေးကို ပွေ့ဖက်ထားလျက်နဲ့ နားနားကပ်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်။
“အဖေက သမီးကို အမြဲတမ်းအကာအကွယ်ပေးသွားမှာပါကွယ်။”

ဒါက သူ့သမီလေးကို ပေးလိုက်တဲ့ နင်ရဲ့ ကတိစကားပါ။

အဲဒီညမှာပဲ .. ပင်းယွဲ့လေးဟာ နင်ရဲ့နံဘေးမှာ အိပ်စက်ခဲ့ပါတယ်။ နင်က သူမကို ထားခဲ့ပြီးတော့ အင်ပါရီယာ နတ်ဘုရားစမ်းသပ်စစ်ဆေးမှု ကပ်ဘေးတွေကို တစ်ဦးတည်းသွားပြီး ၇င်ဆိုင်မှာကို သူမစိုးရိမ်နေခဲ့မိလို့ပါ။ သူမအနေနဲ့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သွားကြည့်ချင်ခဲ့တယ်လေ။ ဒါမှပဲ သူမ စိတ်အေးချမ်းစွာနေနိုင်မှာပါ။

Book 21 - 30Where stories live. Discover now