Book 27 Chp 7

41 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 7 (နှင်းနီပြိုင်ဘက်ကင်းခြင်း)

“သေစမ်း”

ဂြိုလ်ခုနစ်လုံး နတ်ဘုရားကြီးရဲ့ မျက်လုံးမှာ အေးစက်စက်အလင်းရောင်တွေ လက်နေခဲ့ပါတယ်။ သူ့ရဲ့ လက်ထဲက လှံတံရှည်ကြီးနဲ့ ထိုးသွင်းလိုက်ပြီလေ။

ရွှပ်

လှံတံရှည်ကြီးဟာ မိုးကြိုးလျှပ်စီးအလား လျှင်မြန်စွာ လှုပ်ရှားသွားခဲ့ပါပြီ။ စကြ၀ဠာ အချိန်စီးဆင်းခြင်း လိမ်တွန့်သွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်လှိုင်းတွေဟာ လှံတံရှည်ရဲ့ ထိပ်မှာ တောက်ပစွာ ရှိနေလို့ပါ။ လှံတံရှည်ရဲ့ အင်အားကို ဘယ်သူကမှ ယုံမှားသံသယ မရှိခဲ့ပါဘူး။ မျက်လုံးသုံးလုံး နတ်မိစ္ဆာကြီးဟာ အနောက်ကို လွင့်စဉ်သွားခဲ့ပေမဲ့လည်း သူ့မှာ အရှက်ရနေဖို့ အချိန်မရခဲ့ပါဘူး။ ချက်ချင်းကိုပဲ ခုန်ထလိုက်ပြီးတော့ ရှောင်တိမ်းနည်း ကိုယ်ဖော့သိုင်း တစ်ခုကို အသုံးပြုလိုက်ပါတော့တယ်။ သူ့ရဲ့ အရိပ်တွေ ဖြာထွက်သွားခဲ့ပြီလေ။ သူဟာ အစီအစဉ်တကျ လှုပ်ရှားပြီးတော့ တိုက်ခိုက်လာတဲ့ လှံတံရှည်ကို စစ်သုံးတူကြီးနှစ်လက်နဲ့ ထုရိုက်လိုက်ပါတော့တယ်။

“တတိယ အစ်ကိုကြီး.. နှင်းနီက ဒီလော်ကမဟုတ်ဘူး။ သူတို့က ခုနစ်ဦးဖြစ်နေပြီး ကျွန်တေ်ာတို့က သုံးဦးတည်း ဖြစ်နေလို့..။ ဒါကြောင့် သူတို့ရဲ့ ဂြိုလ်ခုနစ်လုံး နတ်ဘုရားကြီးက ကျွန်တော်တို့ထက် ပိုပြီး အစွမ်းထက်တယ် ထင်နေရတာ..။”

“အမှန်ပဲ.. ငါတို့တွေက နတ်ဘုရားခန္ဓာကိုယ်အင်အားမှာ နည်းနည်းအားနည်းကောင်းအားနည်းနိုင်ပေမဲ့ တကယ့် တိုက်ပွဲမှာသာဆို သူတို့ကို ငါတို့ သေအောင်သတ်နိုင်လိမ့်မယ်။”

ရွှေတောင်ပံသိမ်းငှက်ကြီးနဲ့ ဦးချိုကျိုး နဂါးကြီးတို့ စိတ်နဲ့ဆက်သွယ်ပြီး ပြောလိုက်ကြပါတယ်။

“စိတ်မပူပါနဲ့…။ ငါ့ကို အနိုင်ယူနိုင်ယူနိုင်တဲ့ အင်ပါရီယာ နတ်ဘုရားဆိုတာ မရှိတော့ပါဘူး။”
ခေါင်းကိုးလုံး ခြင်္သေ့ကြီးရဲ့ မျက်လုံးမှာ ဒေါသမီးလျှံတွေ တောက်လောင်နေခဲ့ပါပြီ။

Book 21 - 30Where stories live. Discover now