Book 25 Chp 10

48 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 10 (အင်မော်တယ်တစ်သောင်း)

အဆင့်တစ်ဆယ်ဟာ အရ်းကို ခက်ခဲတယ်ထင်ရပေမဲ့လည်း နီဟီလမ် နယ်မြေက ပြန်ရောက်လာကတည်းကို ဒီအဆင့်ကျော်ဖြတ်နိုင်တဲ့ အစွမ်းပိုင်ဆိုင်ထားခဲ့ပြီးပါပြီ။ ဒါပေမဲ့ မူလအမွှာက မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုကို အဲဒီအချိန်တုန်းက မကျော်ဖြတ်ရသေးတဲ့အတွက် သန့်စင်သောယန် မှော်ရတနာကို အသုံးမပြုနိုင်သေးဘူးလေ။ ဒါကြောင့် သူအလောတကြီး မ၀င်ရောက်ဖြစ်ခဲ့တာပါ။ နောက်ဆုံးအကြိမ် သူယူခဲ့တဲ့ ရတနာကတော့ ဓာတ်ကြီးကိုးပါး စိတ်ဝိညာဉ်ကီပုလဲပါ။ ဒီရတနာကို ရှအင်ပါရီယာပြည့်ရှင်ဆီမှာ တခြားမှော်ရတနာပေါင်းများစွာနဲ့ လဲလှယ်ခဲ့တယ်လေ။ ဒါကြောင့် ရာဟူးလေးကြီးကိုပြင်ဆင်နိုင်ခဲ့ပြီး ၈၉ပါးလျှို့ဝှက်နတ်သိုင်းနဲ့ ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းကို လေ့ကျင့်နိုင်ခဲ့တာပါ။

ဒီတစ်ကြိမ်မှာတော့ နင့်အနေနဲ့ မှော်၇တနာကို မရောင်းစားနိုင်တော့ဘူးလေ။

စစ်ပွဲကြီးက စတင်နေပါပြီ။ သူ့အတွက် အစွမ်းထက်တဲ့ မှော်ရတနာ လိုအပ်လာပြီလေ။ အက်ကြောင်းမဲ့ဂိတ်ကနေ မှော်၇တနာ တော်တော်များများ ရခဲ့ပေမဲ့လည်း... အထူးသဖြင့် ထိပ်တန်းအဆင့် သန့်စင်သောယန် မှော်ရတနာနဲ့ ယွမ်အဖိုးအိုပေးသွားတဲ့ မူလကြယ်တာရာ ဝိညာဉ်မှော်ရတနာပေါ့…။ ဒီထဲမှာမှ သူ့အတွက် အသုံးအ၀င်ဆုံးကတော့ ဒီသစ်ရွက်ကိုးခု နှင်းကြာပန်းပဲလေ။ တခြားမှော်ရတနာတွေက သူ့အတွက်သိပ်ပြီး အသုံးမ၀င်လှတော့ပါဘူး။ ပြီးတော့ ယုဝေအတွက်လည်း သိပ်ပြီး အသုံးမတည့်လှဘူးလေ။ ဒါကြောင့် သန့်စင်သောယန် မှော်ရတနာတစ်ခုကို အင်မော်တယ် ဒန်ချိုင်ဆီပေးလိုက်ပြီး ကျန်တာအားလုံးကို အိတ်ထဲမှာပဲ သိမ်းဆည်းထားလိုက်ပါတယ်။

“မှော်ရတနာ ဓားပျံတွေ ရှိနေပါစေ..။”
နင်လည်း ရတနာ ခန်းမထဲ ရောက်သွားတဲ့အချိန်မှာတော့.. ၀က်ဝံ၀ါကြီး သူ့ကိုစောင့်နေတာ တွေ့လိုက်ရပါတော့တယ်။

“ဂျိနင်.. မင်းအနေနဲ့ ရွေးချယ်နိုင်တဲ့ သန့်စင်သောယန် မှော်ရတနာ ၂၂ ခုရှိတယ်။”
၀က်ဝံ၀ါကြီးက လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့.. စာအုပ်တစ်အုပ်ဟာ နင်ဆီကို ပျံသန်းလာခဲ့ပါပြီ။

Book 21 - 30Where stories live. Discover now