Book 23 Chp 14

39 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 14 (မုန်တိုင်းထန်သော ၁၈ နှစ်)

ဂျိနင်ရဲ့ အနီရောင်ကောင်းကင်ကိုးဆင့် ကျင့်စဉ် အဆင့် ၁၇ ကို ရောက်ရရှိသွားတာကြောင့် ပတ်၀န်းကျင် တုန့်ပြန်မှု သိပ်ပြီး မဖြစ်ပေါ်ခဲ့ဘူးလေ။ ပြောရရင် အနားမှာ ရှိနေတဲ့ ချိုကျိုးကမ္ဘာက ပထမ တပ်မဟာကြီးတောင်မှ သတိမထားလိုက်မိကြပါဘူး။ ဒါကလည်း အနီရောင်ကောင်းကင်ကိုးဆင့် ကျင့်စဉ်က အဓိက အဆင့်ကြီးတစ်ခုကို အောင်မြင်မှသာ နေကြယ်နဲ့ လကြယ်ကနေ အစစ်အမှန် နေမီးလျှံနဲ့ အစစ်အမှန် လရေခဲကို ပို့ဆောင်ပေးတာကြောင့်ပါ။ အဆင့်ငယ်လေးတွေ တိုးတက်အောင်မြင်တာကြောင့် ကြီးကြီးမားမား တုန့်ပြန်မှု မဖြစ်ပေါ်ဘူးလေ။

၀ှစ်

နင်ရဲ့ နတ်ဘုရားခန္ဓာကိုယ်အတွင်းမှာတော့.. အနီရောင်ကောင်းကင်ကိုးဆင့် ကျင့်စဉ်ရဲ့ သန့်စင်တဲ့ နတ်ဘုရားစွမ်းအငင်တွေဟာ မြစ်ချောင်းငယ်လေးတွေအလား သူ့ရဲ့ သွေးကြောတွေထဲ စီးဆင်းနေခဲ့ပြီလေ။ သူ့ခန္ဓာကိုယ်ဟာလည်း အလွန်ကို ကြံ့ခိုင်လာခဲ့ပါပြီ။

အဆင့် ၁၇

ဒါက သူ့မူလခန္ဓာကိုယ်ရဲ့ မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုတွေ မတိုင်ခင် အကန့်အသတ်ကို ရောက်သွားခဲ့ပြီလေ။ အဆင့် ၁၈ အထိကို သူကျင့်လိုက်တာနဲ့ ချက်ချင်းကို မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုတွေ ကျဆင်းလာတော့မှာပါ။ အခုအချိန်မှာ နှလုံးသားအင်အားကို ထိန်းချုပ်နိုင်ပြီဖြစ်လို့ သူ့အခွင့်အရေးအတွက် အရမ်းကိုယုံကြည်မှုတွေ ရှိနေပေမဲ့လည်း… ကမ္မအပြစ်သားမီးလျှံတွေ ၀န်းရံခံထားရတဲ့ မဟာအပြစ်သားကြီးတစ်ဦးဖြစ်နေပြီလေ။ သူ့ရဲ့ ကောင်းကင်အင်မော်တယ် ကပ်ဘေးတွေဟာ အလွန်ကို ကြောက်စရာကောင်းမှာ သေချာပါတယ်။ နီဟီလမ် နယ်မြေကနေ သူအသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ရင်တောင်မှ သူ့ရဲ့ မိုးကောင်းကင်ကပ်ဘေးကို နင်ကြိုတင်ပြီး မမှန်းရဲခဲ့ပါဘူး။

“ငါက ကြယ်တာရာဖမ်း နန်းတော်ရဲ့ အမွေဆက်ခံသူ… ဂိုဏ်းချုပ်ကြီး ရွှီးဖူတိရဲ့ တပည့်။ ဖင်းဂေါ့ လမ်းစဉ်လျှောက်သူဖြစ်တဲ့အပြင် ကမ္မ အကုသိုလ် အပြစ်သားမီးလျှံတွေကလည်း ငါ့ကို လောင်ကျွမ်းနေတယ်။”
ဒီကိစ္စကို နင်တကယ် မတွေးရဲခဲ့ပါဘူး။

Book 21 - 30Where stories live. Discover now