Book 26 Chp 17

35 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 17 (ပွင့်လင်းစွာနဲ့ ဂုဏ်သိက္ခာရှိစွာ..)

“ရွှီးဖူတိ…”
တာအိုဖခင်ကြီး သွေးနီလည်း ရွှီးဖူတိကို ကြည့်နေမိခဲ့ပါတယ်။ သူ့အနေနဲ့ သေချာအောင် ထပ်မေးလိုက်တယ်လေ။
“တကယ်ပဲလား..။”

“ငါက ဒီကိစ္စမျိုးကို ညာပြောစရာလားဟ..။”
ရွှီးဖူတိ ထိုင်လို့နေဆဲပါ။ သူ့ရဲ့ အရက်ကို အေးအေးဆေးဆေးပဲ သောက်နေခဲ့တယ်လေ။
“မင်း ဒီလောက်အထိ မတုန်လှုပ်သွားသင့်ဘူးလေ။ ငါတို့တွေ လောကစစ်ပွဲ အများကြီး တိုက်ခိုက်ခဲ့ကြပြီပြီပဲ..။ မင်းရဲ့ သွေးနီလောကမှာ ဒီစစ်ပွဲ ဖြစ်ပွားတာ သိပ်ပြီးဆန်းတဲ့ကိစ္စမှမဟုတ်တော့တာ…။”

တာအိုဖခင်ကြီး သွေးနီလည်းခေါင်းကိုဖြည်းဖြည်းချင်း ညိတ်လိုက်ပါတယ်။ သူသက်ပြင်းတစ်ချက်ချပြီး ခုံမှာပြန်ထိုင်လိုက်ပြီလေ။
“ဟုတ်တယ်။ အနှေးနဲ့အမြန်ဆိုသလိုပဲ လောကစစ်ပွဲက ငါ့ရဲ့သွေးနီလောကကို ရောက်လာမှာ..။ ငါ့ရဲ့ တပည့်တွေ.. သူတို့တွေက ငါနဲ့အတူ အနားမှာ နှစ်ပေါင်းများစွာကို အတူတူရှိခဲ့ကြတယ်လေ။ သူတို့က ငါ့ရဲ့ ကလေးတွေလိုပဲ..။ အခုသူတို့တွေ လောကစစ်ပွဲ ၀င်ပြီးတိုက်ခိုက်တာ ငါထိုင်ကြည့်နေရတော့မယ်။ သူတို့တွေ တစ်ဦးပြီးတစ်ဦး သေဆုံးသွားတာကို ငါကြည့်နေရတော့မယ်…။”

ရွှီးဖူတိလည်း ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်ပါတယ်။

သူ့မှာလည်း တပည့်တွေအများကြီးရှိနေတယ်လေ။ ဒါကြောင့် သွေးနီဘယ်လိုခံစားနေရလဲဆိုတာကိုသူနားလည်ခဲ့ပါတယ်။

သူတို့တွေက ကမ္ဘာဦး ပျက်စီးခြင်းကနေ မွေးဖွားလာသူတွေပဲလေ။ ပြီးတော့ တကယ့်သားမြေးတွေလည်း မရှိကြပါဘူး။ သူတို့ရဲ့ ချစ်ခင်ရတဲ့ တပည့်တွေဟာ သာမန်လူတွေရဲ့ သားသမီးတွေနဲ့ မခြားလှပါဘူး။ ပြီးတော့ နှစ်ပေါင်းများစွာကို အတူတူ ရှိနေခဲ့တဲ့အချက်ပါ ပေါင်းလိုက်တဲ့အခါမှာတော့ အရမ်းကို နက်ရှိုင်းတဲ့ ပတ်သက်မှု ဖြစ်သွားခဲ့ပါပြီ။

ပြောရရင် အဓိက ပုဂ္ဂိုလ်ကြီးတွေအနေနဲ့ သူတို့ရဲ့ တပည့်တစ်ဦးသေဆုံးသွားခဲ့တာကို ဒီတိုင်း ခံစားချက် မဲ့စွာ စောင့်ကြည့်နိုင်တဲ့ စိတ်ဓာတ်တော့ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ တပည့်အားလုံး သေဆုံးကြရတော့မယ်ဆိုရင်တော့… သူတို့တွေ တကယ်ကို ဆောက်တည်ရာမရ ရင်နာလာကြတော့မှာပါ။ ချစ်ခင်ရသူတွေ အားလုံးသေဆုံးသွားပြီးတော့ ရုတ်တရက် အထီးကျန်နေရမယ်ဆိုရင် ဘယ်သူကကော လက်ခံနိုင်မှာမို့လဲ..။

Book 21 - 30Where stories live. Discover now