Book 23 Chp 8

40 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 8 (လွတ်လမ်းမဲ့)

မိုးကောင်းကင်တမျှ အသွင်ပြောင်းလဲခြင်းနဲ့ ခေါင်းသုံးလုံး လက်ခြောက်ဖက် ပညာရပ်ကို အသုံးပြုပြီးတဲ့အခါမှာတော့ ဂျိနင်သိသိသာသာကို အစွမ်းတွေ ထက်လာခဲ့ပြီလေ။ ဒီ ၀တ်ရုံနက်၀တ် စစ်သူရဲကြီးတွေကို ခုခံရုံခုခံနိုင်ခဲ့ပါပြီ။ ဒီမှာပဲ သူ့ရဲ့  နတ်ဘုရားစွမ်းအင်တွေ ဆက်တိုက်ကို ကုန်ခမ်းလာခဲ့ပြီလေ။

“သူငါတို့ကို တောင့်ခံထားနိုင်တယ်လား..။”
ခရမ်းရောင် စစ်သူရဲကြီးလည်း မျက်မှောင်ကြုတ်လိုက်မိပါပြီ။ သူချက်ချင်းအမိန့်ပေးလိုက်ပြီလေ။
“တပ်စု.. ဒီဂြိုလ်သားကို ဖမ်းလိုက်ကြချေ..။”

“ဟုတ်ကဲ့ပါခင်ဗျာ..”

မာန်သွင်းအော်ဟစ်သံတွေနဲ့အတူ ၀တ်ရုံနက်၀တ် စစ်သူရဲကြီး ၉၀ ဟာ ဂျိနင်ဆီကို ပျံသန်းလာခဲ့ပြီလေ။ ဒီမှာပဲ ဂျိနင်လုံး၀ကို မျက်နှာပျက်သွားပါတော့တယ်။
“သူတို့တွေက ငါ့ကို အခွင့်အရေးတောင် မပေးဘူးပဲ..။ ကောင်းကင်အင်မော်တယ် အယောက် ၁၀၀…။  ငါဘယ်လို ရင်ဆိုင်ရမလဲ..။”
သူ့ရန်သူတွေအားလုံးက အနီးကပ်တိုက်ခိုက်မှုသာ အာရုံထားတဲ့အတွက်လည်း သူ့ကို တပြိုင်တည်း ရင်ဆိုင်နိုင်တဲ့ အရေအတွက်ကတော့ အကန့်အသတ်ရှိပါသေးတယ်။ ပြီးတော့ သူတို့မှာ ဆန်းကြယ်တဲ့ စုပေါင်းသိုင်းကွက် ရှိနိုင်သေးတယ်လေ။ အရေအတွက်များလာလေလေ ၀တ်ရုံနက်၀တ် စစ်သူရဲကြီးတွေ ပိုအစွမ်းထက်လာကြလေလေပါ။

“ဆရာကြီး၀က်ဝံ.. ကျွန်တော်ဘာဆက်လုပ်မရလဲ..။”
နင်အသည်းအသန် လှမ်းမေးလိုက်ပါတယ်။
“တခြားနည်းလမ်းရှိသေးလို့လား..။ ကျွန်တော်ရေအောက်နန်းတော်ထဲ ၀င်ပုန်းလိုက်ရင် ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်မလားခင်ဗျ..။”

“ဘာမှအသုံးမ၀င်တော့ဘူး..။”
၀က်ဝံ၀ါကြီးလည်း ကူကယ်ရာမဲ့ ဖြစ်နေခဲ့ပြီလေ။
“ရေအောက်နန်းတော်ထဲ မင်း၀င်ပုန်းလိုက်ရင် ရေအောက်နန်းတော် ထွက်ပေါ်လာမှာပဲလေ။ လွတ်မြောက်အင်မော်တယ်တွေ ကောင်းကင်အင်မော်တယ်တွေက ငါ့ကို အဓမ္မ မချည်နှောင်နိုင်ပေမဲ့လည်း… တချို့အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေဆို ချည်နှောင်ပေါင်းစည်းနိုင်ကြပြီလေ။ ငါက မူလကြယ်တာရာ ဝိညာဉ် မှော်ရတနာ လေးတစ်ခုပဲကို။ ပြီးတော့ ချိုကျိုးကမ္ဘာရဲ့ သခင်ဟာလည်း အနည်းဆုံးတော့ သန့်စင်သောယန် အင်မော်တယ်အဆင့်မှာ ရှိနေမှာပဲ..။”

Book 21 - 30Donde viven las historias. Descúbrelo ahora