Book 24 Chp 9

45 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 9 (ကောင်းကင်အင်မော်တယ် ယူနီတီ)

“သွားကြစို့..”
သတင်းပေးဆွဲပြား ကွဲကြေသွားတာကိုတွေ့တော့ ကောင်းကင်အင်မော်တယ် ခရမ်းရောင်မြက်လေး မျက်လုံးတစ်ချက် လက်သွားခဲ့ပါတယ်။ သူမ အမိန့်ပေးလိုက်ပြီလေ။

၀ှစ်

၁၈ ဦးလုံး စတေးဝါးတားမြို့တော်ကို အမြန်ဆုံးပျံသန်းသွားကြပါတော့တယ်။ စတေးဝါးတားမြို့တော်နဲ့ တော်တော်နီးနီးကိုသူတို့ရောက်နေခဲ့ပြီးပြီလေ။ ကီလိုမီတာ သုံးထောင်လောက်အကွာကို ရောက်တဲ့အခါမှာတော့ သူတို့မျက်နှာပျက်လို့သွားပါတော့တယ်။

“ပင်မ စိတ်အာရုံ…”

“စတေးဝါးတားမြို့တော်က ကောင်းကင်အင်မော်တယ်တွေက ပင်မစိတ်အာရုံဖြန့်ကျက်ထားတယ်လား..။”

“ငါတို့ကို တွေ့သွားကြပြီ..။”

ကောင်းကင်အင်မော်တယ် ၁၈ ဦးလုံး ရင်ထဲ သိပ်မကောင်းကြတော့ပါဘူး။ ယူနီတီအနေနဲ့ သတိကြီးတယ်ဆိုတာကို သိထားကြပေမဲ့ ဒီလောက်အထိကို မမျှော်မှန်းထားခဲ့ကြဘူးလေ။ နောက်ဆုံး သ၀ဏ်လွှာ ပို့ဆောင်တာမှ နှစ်၀က်လောက်တောင် ကြာမြင့်သွားခဲ့ပြီကို..။ ကောင်းကင်အင်မော်တယ် ယူနီတီက အဲဒီအချိန်ကတည်းကကို အသင့်ပြင်ပြီးစောင့်နေခဲ့တာလား..။

တကယ်တော့.. အင်မော်တယ် ဒန်ချိုင်၊ သက်တန့်နတ်သမီး ယုဝေနဲ့ ကောင်းကင်အင်မော်တယ် ယူနီတီတို့ အလှည့်ကျ တာ၀န်ယူထားခဲ့တာပါ။ ဒါက အလွန်ကို ပင်ပန်းတဲ့ အလုပ်ပဲလေ။ ဒါကြောင့် စတေးဝါးတားမြို့တော်ရဲ့ ကီလိုမီတာ သုံးထောင်လောက်အထိကိုသာ သူတို့တွေ ကာကွယ်လွှမ်းခြုံထားနိုင်ခဲ့ပါတယ်။

ကောင်းကင်အင်မော်တယ်တွေရဲ့ ဘယ်လောက်အစွမ်းထက်လည်းဆိုတာကို ကြည့်ရင် အားအနည်းဆုံးကောင်းကင်အင်မော်တယ်တောင်မှ သူတို့ရဲ့ ပင်မစိတ်အာရုံကို ကီလိုမီတာ သိန်းနဲ့ချီပြီးတော့ ဖြန့်ကျက်ထားနိုင်ပါတယ်။ ဒါပေမဲ့ဒါက အချိန်တိုလေးသာ ရမှာပါ။

“ကောင်းကင်အင်မော်တယ် ယူနီတီက သတိကြီးပေမဲ့လည်း ဒါကို ကျွန်မတို့ တွက်ချက်ထားခဲ့ပြီးသားပါ။”
ခရမ်းရောင်မြက်လေး စိတ်နဲ့ဆက်သွယ်ပြီးပြောလိုက်ပါတယ်။

Book 21 - 30Where stories live. Discover now