Book 25 Chp 3

44 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 3 (လှပစွာ လမ်းခွဲခြင်း)

ယုဝေကော အင်မော်တယ် ဒန်ချိုင်ပါ သူတို့ ၀န်းကျင်က စကြ၀ဠာ တည်ရှိမှု ဟင်းလင်းပြင် စတင်ပြီး ေ၀၀ါးလာတာကို ခံစားမိလိုက်ပါတယ်။ ပတ်၀န်းကျင် တည်ငြိမ်သွားတဲ့အခါမှာတော့ သူတို့နှစ်ဦးဟာ ဆောင်းဦးသစ်ရွက်လေးရှိနေခဲ့ ခန်းမထဲ ရောက်နေတာ တွေ့လိုက်၇ပါတော့တယ်။ အင်မော်တယ် ဒန်ချိုင်နဲ့ ယုဝေတို့ ရုတ်တရက်ပေါ်လာတာကိုတွေ့လိုက်တဲ့အခါမှာတော့.. ဆောင်းဦးသစ်ရွက်လေးလည်း  အံံ့အားသင့်သွားခဲ့ပါပြီ။ သူမလည်း နှစ်ဦးလုံးကို နှုတ်ဆက်လိုက်ပါတော့တယ်။
“သခင်မ.. အင်မော်တယ် ဒန်ချိုင်??”

“ငါတို့ကို မတွေ့စေချင်ဘူးပဲ..။”
အင်မော်တယ် ဒန်ချိုင်လည်း ကူကယ်ရာမဲ့စွာနဲ့ တစ်ချက်ရယ်မောလိုက်ပါတယ်။

“ဂိုဏ်းတူညီလေးရဲ့ ဆရာက ဘယ်သူဖြစ်မလဲ မသိဘူးနော်..။”
ယုဝေလည်း စိတ်၀င်စားနေခဲ့မိပြီလေ။

အခုပဲ
“ငါက သူ့ဆရာကွ” ဆိုတဲ့ စကားကို ကြားလိုက်ရပြီး ဒီနေရာကို ပို့ဆောင်ခံလိုက်ရတယ်လေ။ အဲလူကြီးကို သူတို့တွေ မြင်ကို မမြင်လိုက်ကြရဘူးလေ။ ဒါကြောင့် နင်ရဲ့ဆရာက ဘယ်သူလဲဆိုတာကို သူတို့ မသိခဲ့ကြပါဘူး။

“ဘာဖြစ်တာလို့လဲရှင်…။”
ဆောင်းဦးသစ်ရွက်လေးလည်း စိတ်၀င်စားနေပါပြီ။
“သခင်လေးရဲ့ ဆရာလို့ ပြောလိုက်တာလားရှင့်..။”

“ဘာမှ မဟုတ်ပါဘူးကွယ်။”
ယုဝေလည်း ခေါင်းကို ခါယမ်းပြီး ပြုံးလိုက်ပါတယ်။
“ဒါက ကောင်းခြင်းမင်္ဂလာတစ်ခုပေမဲ့ အစ်မတို့နဲ့ မဆိုင်ပါဘူးကွယ်..။”

“အို”
ဆောင်းဦးသစ်ရွက်လေးလည်း ခေါင်းညိတ်လိုက်ပြီးတော့ ဘာမှ ဆက်မမေးဖြစ်တော့ပါ..။

“ဆရာ..”
နင်လည်း ၀မ်းသာလှိုက်လှဲစွာ နှုတ်ဆက်လိုက်ပါတယ်။ ပိန်ပိန်ပါးပါးအဖိုးအိုက ခေါင်းညိတ်ပြီးနင်ကိုကြည့်လိုက်ပါတယ်။ ပြီးတော့ ယွမ်အဖိုးအိုကို တစ်ချက် သူလှမ်းကြည့်လိုက်ပါတယ်။

“မင်း…”
ယွမ်အဖိုးအို မျက်လုံးတွေ ပြူးထွက်လာခဲ့ပါပြီ။
“သောက်အဖိုးကြီး… အသုံးမကျတဲ့ အဖိုးကြီး… နောက်ထပ် အံံ့မခန်းတပည့်တစ်ဦးကို မင်းလုယူသွားပြန်ပြီပေါ့..။”

Book 21 - 30Where stories live. Discover now