Chp 616 ( ထာဝရသစ်သားစောင့်ရှောက်သူ)

38 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 616 (ထာ၀ရ သစ်သား စောင့်ရှောက်သူ)

“သွားဖို့ အချိန်တန်ပြီ…”
ရာဟူးနင်ဟာ သူ့ရဲ့ စကြ၀ဠာ လှေပျံထဲကို ၀င်ရောက်သွားခဲ့ပါတယ်။ စကြ၀ဠာကို ဖောက်ထွင်းပြီးတော့ ခရီးဆက်ဖို့ ပြင်နေစဉ်မှာပဲ.. ရွှေရောင်ပိုးချည်မျှင်တွေ ထွက်ပေါ်လာခဲ့တာကို သူတွေ့လိုက်ရတယ်လေ။ ဒီရွှေရောင်ပိုးချည်မျှင်တွေကြောင့် စကြ၀ဠာကို ခွဲပြီး ခရီးဆက်ဖို့တော်တော်ကို ခက်ခဲသွားခဲ့ပါပြီ။

“မကောင်းဘူး… သူတို့က ဒီ ၀န်းကျင်က စကြ၀ဠာကို ပြောင်းလဲမှုတွေ လုပ်ထားပြီးပြီ…  အခုဆို ဒါကို ဖောက်ထွက်ဖို့က တေ်ာတော်ကို မလွယ်တဲ့ ကိစ္စပဲ… ဒီ အဓိက ကမ္ဘာကြီးကို ငါလာခဲ့တုန်းက တော်တော်ကို လွယ်ကူခဲ့တယ်။ ကြည့်ရတာ မြို့တော်ကို ငါတိုက်ခိုက်နေတုန်း သူတို့ စီစဉ်ထားခဲ့ကြတာဖြစ်မယ်။”
ဘာဖြစ်နေတာလဲဆိုတာကို နင်နားလည်လိုက်ပါပြီ။

ဒီအတွက် ရှင်းပြဖို့ အချိန်အနည်းငယ်ပေးခဲ့ရပေမဲ့လည်း.. အဖြစ်အပျက်ဟာ တကယ်တော့ တဒင်္ဂအတွင်း ဖြစ်ပျက်ခဲ့တာပါ။ ဒီအချိန်မှာပဲ နင်ရဲ့အရှေ့မှာ ရှိနေတဲ့ စကြ၀ဠာမှာ အပေါက်ကြီးနှစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လှေပျံကြီးင်္နှစ်စင်း ပေါ်ထွက်လာခဲ့ပြီလေ။

ပထမကမ္ဘာ…

အက်ကြောင်းမဲ့ မဟာမိတ်တွေဟာ အက်ကြောင်းမဲ့ ပျက်စီးခြင်းကမ္ဘာ ဇာတိပါ။ သူတို့ရဲ့ အမြစ်တွေဟာလည်း အလွန်ကို နက်ရှိုင်းလွန်းပါတယ်။ စုစုပေါင်း ကမ္ဘာကြီး ဆယ်ခုဟာ သူတို့ရဲ့ ပင်မ ဌာနချုပ်တွေပဲလေ။ ဒီ ကမ္ဘာကြီးဆယ်ခုမှာ အံ့မခန်း ကြီးမားလွန်းလှတဲ့ စစ်စခန်းကြီးဆယ်ခု ရှိနေပါတယ်။ ဒီဌာနချုပ်တွေမှာ စောင့်ရှောက်ကာကွယ်ပေးနေတဲ့ တာအိုဖခင်ကြီးတွေ ရှိကြတယ်လေ။ အင်မော်တယ်နဲ့ ဖင်းဂေါ့ တပ်မဟာတွေဟာ လောကသုံးပါးတခွင်က အဓိက ကမ္ဘာကြီးတွေကို စစ်ခင်းဖို့အတွက် ဒီကနေ တစ်သုတ်ပြီး တစ်သုတ် ထွက်ခွာလို့ နေခဲ့ကြပါတယ်။

ဒီ ကမ္ဘာကြီး ဆယ်ခုကို တစ် ကနေ တစ်ဆယ်အထိ အဆင့်သတ်မှတ်ထားပါသေးတယ်။ အဆင့်မြင့်လာလေလေ ပိုပြီးတော့ အစွမ်းထက်လာလေလေပါ။

Book 21 - 30Where stories live. Discover now