Chp 608 ( မဟာကံကောင်းမှုကြီး)

29 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 608 (မဟာကံကောင်းမှုကြီး… )

ဆံပင်စိမ်းနဲ့ လူကြီးရဲ့ မျက်လုံးတွေဟာ ဆာလောင်လို့နေတဲ့ သိမ်းစွန်ရဲတစ်ကောင်အလား … နင်ကို သူစိုက်ကြည့်လို့နေပါတယ်။

“ငါမင်းကို အညံ့ခံမယ်ဆိုရင်.. မင်းငါ့ကို ဘာလုပ်မလဲ…”

နင်လည်း ရယ်မောလိုက်ပါတော့တယ်။ ဒီလူကြီးက အညံ့ခံဖို့ တွေးထားခဲ့ပြီးပြီပဲလေ။ ဒါပေမဲ့ သူက အစစ်အမှန် နတ်ဘုရားကြီးပါ… သူ့ကို အလွန်အကျူးတော့ လှောင်ပြောင်ဖို့ နင်မတွေးထားခဲ့ပါဘူး။ ဒါဆိုရင် သူက အညံ့ခံဖို့ထက် သေလမ်းကို ရွေးသွားနိုင်တယ်လေ။ နင်ရှင်းပြလိုက်ပါတော့တယ်။
“မင်းမှာ ရှိနေတဲ့ မှော်ရတနာတွေကို ငါလိုချင်တယ်။ ဒီအကျဉ်းထောင် ကမ္ဘာမှာ မင်းအတွက် မှော်ရတနာက အသုံးမ၀င်တော့ဘူးလေ။ အားလုံးကို ငါ့ကိုပေးပါ.. ပြီးတော့.. မင်းရဲ့ မှတ်ဥာဏ်တွေကိုလည်း ရှာဖွေခွင့်ပေးရမယ်။”

“မှတ်ဥာဏ်တွေ…”
ဆံပင်စိမ်းနဲ့ လူကြီးလည်း မျက်နှာပျက်လို့ သွားပါတော့တယ်။

“မင်းအတွက်တော့ ငါက ဂြိုဟ်သား ကျူးကျော်သူဖြစ်သလို ငါ့အတွက်လည်း မင်က ဂြိုဟ်သား ကျူးကျော်သူပဲလေ။”
နင်ပြုံးလိုက်ပါတယ်။
“မင်းရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေက မင်းအတွက် အရမ်းကို အရေးကြီးလိမ့်မယ်။ ဒါပေမဲ့ ငါ့အတွက်တော့ ဘာမှကို အဖိုးမတန်ဘူး… စိတ်မပူပါနဲ့.. ငါဘယ်သူ့ကိုမှမလည်း ဒီအကြောင်းတွေ မပြောပြပါဘူး။”

ဆံပင်စိမ်းနဲ့ လူကြီးက နင်ကို စိုက်ကြည့်လို့နေမိပါတယ်။

“ငါ အာမခံတယ်။”
နင်စကားဆက်လိုက်ပါတယ်။
“ဒီနှစ်ချက်ပဲ ငါလိုချင်တာ.. ဒီမှာ မင်းအေးအေးဆေးဆေး ဆက်ပြီး နေထိုင်နိုင်လိမ့်မယ်။ ပြီးတော့ မင်းဆက်ပြီး အသက်ရှင်သန်နိုင်ဖို့အတွကလည်း လိုအပ်တဲ့ ဝိညာဉ်ဆေးလုံးတွေ ငါထောက်ပံ့ပေးမှာလေ။ မင်းအသက်ဆက်ရှင်နိုင်မယ်ဆိုရင်.. အကျဉ်းထောင် ကမ္ဘာကနေ တစ်နေ့တော့ လွတ်မြောက်နိုင်မှာပါ။”

“ကောင်းပြီလေ။”
ဆံပင်စိမ်းနဲ့ လူကြီးလည်း အက်ကွဲခြောက်သွေ့စွာပြောလိုက်ပါတယ်။
“ငါလက်ခံတယ်။”

Book 21 - 30Where stories live. Discover now