Chp 606 ( နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံအားထုတ်ခြင်း)

32 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 606 (နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံအားထုတ်ခြင်း)

အင်ပါရီယာ နတ်ဘုရား ဖူကုက ဂျိနင်ကို လူသားမျိုးနွယ်စုတွေရဲ့ ရှေးဟောင်းပုဂ္ဂိုလ်ကြီးရှေ့မှောက် လမ်းပြခေါ်ဆောင်သွားခဲ့ပါတယ်။ တာအိုဖခင်ကြီး ဟက်၀က်ဝံဟာ ဆူရီယန်တို့နဲ့ ခေတ်ပြိုင်ဖြစ်ပြီးတော့ အလွန်ကို ရာထူးကြီးမြင့်သူ ဖြစ်ပေမဲ့လည်း ဆူရီယန်တို့ထက်ကို နှိမ့်ချပြီးတော့ နေထိုင်ခဲ့သူပါ။ အင်ပါယာ ငါးပါးနဲ့ ပတ်သက်တဲ့ ဒဏ္ဍရီတွေဟာ လောကသုံးပါးတခွင် အများကြီး ရှိနေခဲ့ပေမဲ့လည်း တာအိုဖခင်ကြီး ဟက်၀က်ဝံအကြောင်းကို မကြားဖူတဲ့ ကောင်းကင်အင်မော်တယ်တွေ အများကြီး ရှိနေခဲ့ပါတယ်။

“တာအိုဖခင်ကြီးခင်ဗျာ.. ဂျိနင် ရောက်ရှိလာခဲ့ပါပြီ။”
ဖူကုလည်း တလေးတစား ဂါရဝြပုပြောလိုက်ပါတယ်။

“တာအိုဖခင်ကြီးကို ဂျိနင် ဂါရဝြပုပါတယ်ခင်ဗျာ…”
နင်လည်း တလေးတစား နှုတ်ဆက်လိုက်ပါတယ်။

သူတို့တွေဟာ အလွန်ကို ကြီးမားပြီးတော့ ရိုးရိုးရှင်းရှင်း တည်ဆောက်ထားတဲ့ နန်းတော်ကြီးထဲမှာပါ။

ဗလတောင့်တောင့် လူကြီးတစ်ဦးဟာ ၀တ်ပြုထိုင်ဖုံထက်မှာ ကြာပန်းသဏ္ဌာန်ထိုင်လို့နေပါတယ်။ သာမန်သားမွေး၀တ်စုံကိုသာ သူ၀တ်ဆင်ထားတယ်လေ။ သူ့ရဲ့ မုတ်ဆိတ်တွေ ဆံပင်တွေဟာ သံမဏိအလား မာကျောပါတယ်။ သူ့ရဲ့ မျက်နှာဟာ စိတ်ထက် ပြင်းထန်သူတစ်ဦးရဲ့ မျက်နှာပါ။ သူ့မျက်လုံးကို ဖွင့်လိုက်တဲ့အခါမှာတော့ ထာ၀ရ တည်ရှိမှု အငွေ့အသက်တွေ ဖြာထွက်လို့…. ပြောရရင်.. သူ့ကိုယ်က ဖြာထွက်နေတဲ့ ရှေးဟောင်းအော်ရာအရှိန်အဝါတွေဟာ ဂျိနင်ရဲ့ မသိစိတ်ကို မသိမသာပဲ အေးချမ်းသွားစေခဲ့ပါတယ်။

တာအိုဖခင်ကြီး ဟက်၀က်ဝံဟာ နင်ကို ချစ်ခင်ကြင်နာမှု အပြည့်မျက်လုံးနဲ့ ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အကြည့်ကိုက ဒီလိုဖြစ်နေတာပါ။

“ကောင်းတယ်။”
တာအိုဖခင်ကြီး ဟက်၀က်ဝံ ပြုံးလိုက်ပါတယ်။

မိခင်နွီဝါးက လူသားမျိုးနွယ်စုတွေကို ဖန်ဆင်းခဲ့တယ်လေ။ ဟက်၀က်ဝံဟာ သူမဖန်ဆင်းခဲ့တဲ့ ပထမဆုံးသော လူသားတွေထဲ ပါ၀င်ခဲ့ပါတယ်။ လူသားမျိုးနွယ်စုတွေ ရုန်းကန်ပြီးတော့ ရှင်သန်တိုးတက်လာတာကို သူတွေ့မြင်ခဲ့တယ်လေ။ ဒါကြောင့်လည်း လူသားမျိုးနွယ်စုထဲက လျှမ်းလျှမ်းတောက် ထွန်းတောက်နေတဲ့ ကြယ်ပွင့်လေးတွေကို သူမြင်တွေ့ရတိုင်း အမြဲတမ်းကို ချစ်ခင်သဘောကျခဲ့ပါတယ်။

Book 21 - 30Where stories live. Discover now