Book 25 Chp 1

48 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 1 (မဟာမြစ်ရဲ့ ဘိုးဘေးကြီးလေးပါး)

အစစ်အမှန် အင်မော်တယ် ဂေါ်ဒီ၊ နတ်မိမယ် သေမင်းမြက်လေးနဲ့ အားလုံးတို့ဟာ လေထဲမှာ ရုပ်ထုတွေအလားတောင့်တင်းလို့သွားခဲ့ပါပြီ။ သူတို့တွေ မျက်တောင်တောင် မခတ်နိုင်ကြတော့ပါဘူး။ သူတို့ရဲ့ အင်ပါရီယာ နတ်ဘုရား စွမ်းအင်နဲ့ သန့်စင်သောယန် စွမ်းအင်အားလုံးဟာ လုံး၀ကို တောင့်တင်းရပ်တန့်သွားခဲ့ပြီလေ။ ဒီလို နည်းနည်းလေးမှတောင် လှုပ်ရှားလို့ မရတဲ့ ခံစားချက်....ဂေါ်ဒီတို့အားလုံးပဲ အရမ်းကို တုန်လှုပ်အံ့သြလို့ သွားခဲ့ကြပါပြီ။

“တာအိုဖခင်ကြီး..”

“တာအိုဖခင်ကြီးပဲ ဖြစ်နိုင်တယ်။”

“ဒါ.. ဒါပေမဲ့.. ဂျိနင်ရဲ့ တောက်ပသော နှလုံးသားကျွန်းမှာ တာအိုဖခင်ကြီး ရှိနေတယ်တဲ့လား…။”

သူတို့တွေရဲ့ ဒီတစ်ကြိမ် တိုက်ခိုက်မှုက သံပြားထူကြီးတစ်ခုကို ကန်လိုက်ရသလို ဖြစ်နေမယ်မှန်း မထင်ထားမိခဲ့ကြဘူးလေ။ သူတို့ရဲ့ မဟာတည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းက တော်တော်လေးကို ကံကောင်းခဲ့တဲ့အတွက် တောက်ပသောနှလုံးကျွန်းပေါ် တည်တည့်ရောက်ရရှိလာခဲ့တယ်လေ။ ဒီကျွန်းလေးက သိပ်ပြီးတော့ မကြီးမားလှပါဘူး။ ပြီးတော့ ဂျိနင်ကိုပါ သူတို့တွေ တစ်ခါတည်း မြင်လိုက်ကြရပြီလေ။ ပြောရရင် သူတို့ရဲ့ တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း လွဲသွားရင်တောင်မှ မဟာစကြ၀ဠာ တာအိုကို အောင်မြင်ထားတဲ့ အစစ်အမှန် အင်မော်တယ် ဂေါ်ဒီကို တောင်ပံမြွေနဂါးရေအိုင်ရဲ့ ၀င်္ကပါတွေက ကာကွယ်တားဆီးနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့.. အခုအားလုံး သိသွားကြတာကတော့.. သူတို့တွေ ကံကောင်းသွားခဲ့ကြတာ မဟုတ်ပါဘူး။ အလွန့်အလွန်ကို ကံဆိုးလို့ သွားခဲ့တာပါ။

“ဆရာကြီး…”
ဂျိနင်ကော ယုဝေတို့ပါ အဖိုးအိုကို တလေးတစားနှုတ်ဆက်ဂါရဝြပုလိုက်ကြပါတယ်။

“အင်း…”
အဖိုးအိုကတော့ ပန်းညှပ်ကပ်ကြေးကြီးကို ပျင်းရိပျင်းတွဲကိုင်ထားလို့ပါ။ နင်နဲ့ ယုဝေတို့ရဲ့ နှုတ်ခွန်းဆက်သမှုကြောင့် သူလည်း ခေါင်းကို ဖြည်းဖြည်းချင်းညိတ်လိုက်ပါတယ်။
“ကောင်းတယ်။ မင်းတို့တွေက အသက်ကြီးသူကို ရိုသေတတ်တယ်။”

Book 21 - 30Where stories live. Discover now