Book 26 Chp 4

38 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 4 (သုံးနှစ်)

အက်ကြောင်းမဲဂိတ်ရဲ့ မြို့တံတိုင်းထက်မှာ…

အစစ်အမှန် အင်မော်တယ်ဝါးဖြူဟာ မျက်လုံးနီ အဖိုးအိုနဲ့ ရင်ဘောင်တန်းပြီး ရပ်လို့ ရှိနေပါတယ်။ ကောင်းကင်ဘုံကို အပြစ်ပေးသူ ကိုးဦးနဲ့ တိုက်ခိုက်နေတဲ့ မျက်နှာဖြူရေနဂါးကြီး လေးကောင်၊ အင်ပါရီယာ နတ်ဘုရားဂိုလမ်ကြီး ကိုးကောင်ကို သူတို့ ကြည့်နေကြတာပါ။

“တာအိုရောင်းရင်း မိစ္ဆာလူပျော်ကြီး..”
အစစ်အမှန် အင်မော်တယ် ဝါးဖြူလည်း ရယ်မောလိုက်ပြီးတော့
“တာအိုရောင်ရင်း အမှောင်ကောင်းကင်ဘုံက ဂျိနင်ကို သတ်ပေးဖို့ ရောင်းရင်းကို ပြောလိုက်တာလား..။ ရောင်းရင်းအနေနဲ့ ဘယ်လိုတွေ စီစဉ်ထားသေးလဲ…။”

ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုမှာတော့ အစစ်အမှန် အင်မော်တယ် ဝါးဖြူဟာ ကိုယ့်အစွမ်းကိုယ် ယုံကြည်မှု အပြည့်ရှိပါတယ်။ အဇူရာမြေခွေးတောင်မှ သူ့ကို မမှီပါဘူး။ ဒါပေမဲ့ အစစ်အမှန် အင်မော်တယ် မိစ္ဆာလူပျော်ကြီးကိုတော့ သူမစရဲဘူးလေ။ ထိပ်တိုက်ရင်ဆိုင်သတ်ဖြတ်တာက လုပ်ကြံသတ်ဖြတ်တာနဲ့ လုံး၀ကွဲပြားပါတယ်။ မိစ္ဆာလူပျော်ကြီးက လုပ်ကြံသတ်ဖြတ်မှုမှာ အရဂမ်းကို အစွမ်းထက်သလို သတ်ဖြတ်နည်းပေါင်းစုံကိုလည်း တတ်မြောက်တယ်လေ။ အက်ကြောင်းမဲ့ဂိတ်အတွင်းမှာတော့ အစစ်အမှန် အင်မော်တယ် မိစ္ဆာလူပျော်ကြီးဟာ အင်မတန်မှကို ရာထူးအဆင့်အတန်း မြင့်မားပါတယ်။ နတ်ဘုရားဘုရင်ရဲ့ လက်အောက်ခံ အက်ကြောင်းမဲ့ဂိတ်တွေအားလုံးဟာ သူ့ကို အမိန့်ပေးနိုင်စွမ်း မရှိပါဘူး။ မိစ္ဆာလူပျော်ကြီးက နတ်ဘုရားဘုရင်ကိုသာ တိုက်ရိုက်တွေ့ဆုံ လျှောက်တင်ရသူပါ။

အစစ်အမှန် အင်မော်တယ် ဝါးဖြူတောင်မှ သူ့ဆီကနေ အကူအညီလှမ်းပြီးမတောင်းခံရဲဘူးလေ။ အမှောင်ကောင်းကင်ဘုံက ကောင်းကင်အင်မော်တယ်လေး တစ်ဦးဖြစ်ပြီးတော့ ဘယ်လိုလုပ် သူ့ကို ဆင့်ခေါ်နိုင်ခဲ့တာလဲ..။ အစစ်အမှန်အင်မော်တယ် ဝါးဖြူတစ်ယောက်.. အမှောင်ကောင်းကင်ဘုံဟာ တကယ့်ကို မလွယ်တဲ့လူဆိုတာကို အမြဲခံစားမိနေခဲ့တယ်လေ။

Book 21 - 30Where stories live. Discover now