Chp 565 ( လောကသုံးပါးရဲ့ လျှို့ဝှက်သမိုင်း 2 )

43 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 565 (လောကသုံးပါးရဲ့ လျှို့ဝှက်သမိုင်း ၂)

ရွှီးဖူတိရဲ့ မျက်လုံးထဲမှာ ဆွေးမြည့်မှုတွေကို တွေ့မြင်ရမှာပါ။ သူတိုးတိုးလေး စကားပြောလာခဲ့ပါတယ်။
“ကမ္ဘာဦးခေတ်ရဲ့ မိုးသောက်ချိန်က စပြီးတော့ ပြောရတာပေါ့..။ ဟိုးနှစ်ပေါင်းများစွာကြာရှည်လွန်းခဲ့တဲ့ အချိန်အခါတစ်ခုက.. ငါတို့ရဲ့ လောကသုံးပါးဟာ ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာထဲမှာ တည်ရှိခဲ့တယ်လေ။ ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာဟာ အံ့မခန်းကို ဆန်းကြယ်လွန်းတဲ့ နေရာတစ်ခုပေါ့..။ အဲဒီကနေ စတင်ပြီးတော့ အကြီးအကဲ နတ်ဘုရားတွေ၊ အစစ်အမှန် နတ်ဘုရားတွေ ၊ အင်ပါရီယာ နတ်ဘုရားတွေ မွေးဖွားထွက်ပေါ်လာခဲ့တယ်။ သူတို့ဟာ ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာကနေ မွေးဖွားလာခဲ့တဲ့အတွက် သူတို့ကိုယ်သူတို့ ကမ္ဘာဦးပျက်စီးခြင်းစကြ၀ဠာရဲ့ အကြီးအကဲ နတ်ဘုရားများ .. စသည်ဖြင့်ပေါ့ ခေါ်ဆိုခဲ့ကြတယ်လေ။”

“အကြီးအကဲနတ်ဘုရား…”
နင်လည်း သူ့ဆရာရဲ့ စကားတွေကြောင့် အလွန်ကို အံ့အားသင့်လို့ သွားခဲ့တယ်လေ။

“ဒီနယ်မြေက တာအိုထဲမှာ မိုးကောင်းကင်တာအို ဆယ်ခု၊ မဟာတာအို ၈၁ ခု နဲ့၁၀၈၀၀၀ သော တာအိုလေးတွေ ပါ၀င်ခဲ့ကြတယ်။”
ရွှီးဖူတိက စကားဆက်လိုက်ပါတယ်။
“မဟာ အကြီးအကဲ နတ်ဘုရားကြီး ဆယ်ဦးဟာ မိုးကောင်းကင်တာအိုတစ်ခုစီကို ထိန်းချုပ်ပြီး မွေးဖွားလာခဲ့ကြတာလေ။”

“ပန်ဂုဟာ ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာရဲ့ မိုးကောင်းကင်တာအိုနဲ့အတူ မွေးဖွားလာခဲ့တာလေ။”

“နွီဝါးလဲပဲ အသက်ဓာတ်မိုးကောင်းကင်တာအိုနဲ့ အတူ မွေးဖွားလာခဲ့တာ..။”

“ဖူရှီကတော့ ဖျက်ဆီးခြင်း မိုးကောင်းကင်တာအိုနဲ့အတူ မွေးဖွားလာခဲ့တယ်။”

“မီးငှက်ကြီးကတော့ ယင်ဓာတ်မိုးကောင်းကင်တာအိုနဲ့အတူ မွေးဖွားလာခဲ့တယ်။”
(တာအိုရောင်းရင်းတို့ အနေနဲ့ မီးငှက်ကြီးက ယင်ဓာတ်ကို ထိန်းချုပ်ထားတဲ့အတွက် အံ့သြမိကြပါလိမ့်မယ်။ မီးငှက်ဆိုတာက မီးဓာတ်လေ။ ဒါပေမဲ့လည်း တရုတ်ရိုးရာ ယဉ်ကျေးမှုအရကတော့ မီးငှက်ဆိုကြီးဆိုတာ အမဓာတ် အလွန်ကဲဆုံးသော သင်္ကေတဖြစ်ပြီး နဂါးကျတော့ အဖိုဓာတ်အလွန်ကဲဆုံးသော သင်္ကေတ ဖြစ်ခဲ့ပါတယ်။)

Book 21 - 30Opowieści tętniące życiem. Odkryj je teraz