Chp 607 ( အင်ပါရီယာနတ်ဘုရားနှင့် ကောင်းကင်အင်မော်တယ်)

31 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 607 (အင်ပါရီယာ နတ်ဘုရားနှင့် ကောင်းကင်အင်မော်တယ်)

မိဘုရားခေါင်ကြီး ကျင်ဆိုတဲ့ အစစ်အမှန်အင်မော်တယ်မလေး ပျောက်ကွယ်သွားတဲ့အခါမှာတော့… သူမ ချန်ရစ်ခဲ့တဲ့ အကြွင်းအကျန် ပစ္စည်းတွေကို နင်သေချာ ရှာဖွေလိုက်ပါတော့တယ်။ သူပစ္စည်းတော်တော်များများကို ရရှိခဲ့ပေမဲ့လည်း… အရေးကြီးတဲ့ ကျင့်စဉ်ကျမ်းတွေနဲ့ ပျက်စီးခြင်း မှော်ရတနာတွေကို သူရှာမတွေ့ခဲ့ပါဘူး။ ဒီအကျဉ်းထောင် ကမ္ဘာကို မလာရောက်စဉ်က သူမအတွက်အသုံးမ၀င်တော့တဲ့ ပစ္စည်းတွေကို ဝိညာဉ်ဆေးလုံးတွေ အင်မော်တယ်ဆေးလုံးတွေ အမြောက်အများနဲ့ လဲလှယ်ခဲ့ပုံရပါတယ်။ ဒီအကျဉ်းထောင် ကမ္ဘာမှာတော့… ဒီအရာတွေပဲ အသုံး၀င်တာလေ။

“အင်း… ငါ့ရဲ့ မှော်ရတနာ ခြောက်မျိုးနဲ့ ရေ၊ မီး ၊ လေ အားလုံးကို အသုံးပြုပြီး သူမကို တိုက်ခိုက်ခဲ့ပေမဲ့လည်း မီးလျှံရှစ်ပါး စကြ၀ဠာ ကမ္ဘာနဲ့ ယှဉ်လိုက်မယ်ဆိုရင် တော်တော်ကို အားနည်းနေသေးတယ်။”
နင်လည်း ခေါင်းကို ခါယမ်းလိုက်ပြီးတော့
“ငါ့ရဲ့ တခြား ကိုယ်ပွားနဲ့ အစစ်အမှန် နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေကို ရင်ဆိုင်ခိုင်းရမယ်။ ဒီကိုယ်ပွားနဲ့ကတော့ အင်ပါရီယာ နတ်ဘုရားတွေ ကောင်းကင်အင်မော်တယ်တွေကို လိုက်နှိပ်စက်ရမှာပေ့ါလေ။ သူတို့ရဲ့ မှော်ရတနာတွေက သိပ်ပြီး အဖိုးမတန်လှတော့ဘူးဆိုပေမဲ့လည်း … အစွမ်းထက်တဲ့ ကျင့်စဉ်ကျမ်းတွေ သူတို့ဆီမှာ ရှိနေဖို့ အခွင့်အလမ်း အလွန်ကို နည်းပါးတယ်ဆိုပေမဲ့လည်း…. အနည်းဆုံးတော့ သူတို့ကို အညံ့ခံခိုင်းရင်ခံခိုင်း၊ မဟုတ်ရင် ငါကိုယ်တိုင် အချိန်တိုလေးအတွင်း သတ်လိုက်နိုင်သေးတယ်။ ပြီးတော့ ပင်းယွဲ့ ဓားသိုင်းကို လေ့ကျင့်တိုက်ခိုက်ဖို့အတွက်လည်း သူတို့ကို အသုံးချနိုင်သေးတယ်လေ။”

ရတနာငါးပါး ဓားသိုင်း တတိယမြောက် အခန်းကို ၉၀ % အထိ နင် သဘောပေါက် နားလည်ထားခဲ့ပါပြီ။ ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ အလွန်ကို နားလည်ဖို့ ခက်ခဲတဲ့ အပိုင်းတွေပါ…. သူ့အနေနဲ့ တကယ့် တိုက်ပွဲတွေကို ရင်ဆိုင်တိုက်ခိုက်ပြီးတော့ တဖြည်းဖြည်းချင်း အတွေ့အကြုံ စုဆောင်းရပါလိမ့်မယ်။

Book 21 - 30Where stories live. Discover now