Book 21 Chp 13

46 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 13 (ညဘက် ဆွေးနွေးပွဲတစ်ခု)

အခုက ညအချိန်ရောက်နေပါပြီ။ ဂျိနင်လည်း တော်၀င်ရှကမ္ဘာရဲ့ အလယ်ဗဟိုက မြို့တော်ကို ရောက်လာခဲ့ပြီလေ။

ရှ အင်ပါရီယာ နန်းမြို့တော်ရဲ့ ကောင်းကင်ရတနာတောင်ကြီးအတွင်းမှာတော့… အိမ်တော်လေး တစ်ခုထဲမှာ.. ဂျိနင် က အရက်သောက်နေလို့ပါ။ ကောင်းကင်ထက်က တောက်ပလို့နေတဲ့ လမင်းကို  သူကြည့်နေမိပါတယ်။

“အင်း…”
နင်ရဲ့ နားရွက်တွေ နည်းနည်းလှုပ်ရှားလို့ သွားပါတယ်။ ဘေးဘက်ကို လှမ်းကြည့်လိုက်တော့… ၀တ်စုံဖြူကို ၀တ်ဆင်ထားတဲ့ ငွေရောင်ဆံပင်နဲ့ လူကြီးတစ်ဦး တံခါးပေါက်ကနေ ၀င်ရောက်လာနေလို့ပါ။

“ဆရာကြီး မိုးကောင်းကင် မြေခွေး…”
နင်လည်း ရယ်မောပြီး မတ်တတ်ရပ် နှုတ်ဆက်လိုက်ပါတယ်။

“ညကြီးမင်းကြီး အလောတကြီး မင်းရောက်လာမှတော့… မင်းမှာ အရေးကြီးကိစ္စရှိနေမှန်း ငါသိလိုက်ပြီလေ။”
ငွေရောင်ဆံပင်နဲ့ လူကြီးက ပြုံးလိုက်ပြီးတော့
“ဂျိနင်.. မင်းလိုအပ်တာ ရှိရင်.. ငါ့ကို ပြောလိုက်စမ်းပါ။ အင်ပါရီယာ ပြည့့်ရှင်မင်းမြတ်က အစောကြီးကတည်းက အမိန့်ထုတ်ထားပြီးပြီလေ။ ငါ့အနေနဲ့ နည်းနည်းလေးမှ ပျက်ကွက်လို့ မဖြစ်တော့ဘူး။”

နင်လည်း ခေါင်းည်ိတ်လိုက်ပြီးတော့
“ကျွန်တော် အဖိုးတန် ပစ္စည်းအချို့ ၀ယ်ယူချင်လို့ပါ။”

“အဖိုးတန်.. ဘယ်လောက်အဖိုးတန်မလဲ…”
ငွေရောင်ဆံပင်နဲ့လူကြီးက မေးလိုက်ပါတယ်။

“ကျွန်တော့်အတွက် ကောင်းကင်ဘုံက ရွှေကျောက်မျက် ၁၅၀၀၀ ကီလိုဂရမ်၊ အဇူရာဝိညာဉ်ကျောက်စိမ်းဝါး ၃၀၀၀၀ ကီလိုဂမ်၊ ၄၅၀၀၀ ကီလိုဂရမ်ရှိတဲ့ နဂါးငွေ့တန်းက ယင်ဓာတ် မှော်ရေခဲ၊ ၁၅၀၀ ကီလိုဂရမ် ရှိတဲ့ ငါးနဂါး ဝိညာဉ်ချော်ရည်၊ ပြီးတော့ ၆၀၀ ကီလိုဂရမ်ရှိတဲ့ ပျက်ဆီးမှု ဝိညာဉ်မြေကြီး.. ဒါပါပဲ…။”
နင်ပြောပြလိုက်ပါတယ်။

ဒါကိုကြားလိုက်ရတော့.. ငွေရောင်ဆံပင်နဲ့လူကြီး မျက်နှာနည်းနည်းပျက်လို့သွားပါတယ်။
“အဲ့လောက်တောင်လား…။”

Book 21 - 30Where stories live. Discover now