Book 22 Chp 15

45 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 15 (စစ်ဘေးရှောင် မီးလျှံငယ်ကလန်သားများ)

၀င်္ကဘာကြီးထဲ ပုန်းအောင်းနေကြတဲ့ မီးလျှံငယ်ကလန်က လွတ်မြောက်အင်မော်တယ်တွေ ၊ မြေကမ္ဘာအင်မော်တယ်တွေ တော်တော်ကြီးကို အေးအေးလူလူ ဖြစ်နေကြပါပြီ။ တချို့ဆို သူတို့တာ၀န်ယူထားတဲ့ နယ်မြေက သာမန်လူသားတွေကိုတောင် စစ်ဘေးမတိမ်းရှောင်ခိုင်းကြတော့ပါဘူး။ ဖင်းဂေါ့ကြီး ကိုးရာကျော်ပေါ်လာတော့ တော်တော်တုန်လှုပ်ခြောက်ခြားသွားကြပေမဲ့လည်း အခုက ဂျိနင် တစ်ဦးတည်း ကျန်ရစ်တော့တာလေ။

ဒါပေမဲ့လည်း

“ဘယ်.. ဘယ်လိုလုပ်… ဖြစ်နိုင်မှာလဲ…။ ဘယ်လိုဖြစ်ပြီး သူက ကောင်းကင်အင်မော်တယ်တွေရဲ့ ၀င်္ကဘာကို ဖျက်ဆီးနိုင်သွားရတာလဲ…။”

“ငါတို့ရဲ့ ကောင်းကင်အင်မော်တယ် ငါးဦးက ဂျိနင်ရဲ့ ၀င်္ကဘာထဲမှာ စောနကလေးတင် တိုက်ခိုက်ခဲ့ကြသေးတယ် မဟုတ်ဘူးလား..။ သူဘယ်လောက်အစွမ်းထက်လဲဆိုတာ သူတို့ သေချာသိထားကြပြီးပြီးပဲကို..။ ဘယ်လိုလုပ် သူတို့တွေ မှားပြီးတွက်ချက်မိလိုက်ကြတာလဲ..။”

“ဘုရားရေ…”

လွတ်မြောက်အင်မော်တယ်တွေ မြေကမ္ဘာအင်မော်တယ်တွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြပါပြီ။

ကောင်းကင်အင်မော်တယ်တွေဟာ အရမ်းကို ကြီးကျယ်မြင့်မြတ်တယ်လေ။ ဒါပေမဲ့.. အခုပဲ နှစ်ဦးသေဆုံးသွားခဲ့ပါပြီ။ ပြီးတော့ သူတို့မီးလျှံငယ်ကလန်က နှစ်ဦး…။

“မြန်မြန်… စစ်ဘေးရှောင်အစီအစဉ် ဆက်ပြီးလုပ်ကြတော့…။”
မိစ္ဆာအိုကြီး လေနှင်သူက စိတ်နဲ့ ဆက်သွယ်ပြီး အသည်းအသန်ပြောလိုက်ပါတယ်။
“ဒီဂျိနင်ရဲ့ ခန္ဓာကိုယ်က မှော်ရတနာလို မာကျောနေတာ..။ သူက ကောင်းကင်အင်မော်တယ်တွေရဲ့ တိုက်ခိုက်မှုကို မဖြုံတော့ဘူးလေ။ ငါတို့မီးလျှံငယ်ကလန်ရဲ့ ကောင်းကင်အင်မော်တယ်တွေတောင် သူ့ကို ဘာမှ မလုပ်နိုင်တော့ဘူးဆိုရင်… သူက စပြီးတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့မှာ..။”

“မှန်တယ်.. မှန်တယ်။”

“မြန်မြန် စစ်ဘေးရှောင်တိမ်းခိုင်းကြဟေ့…”

Book 21 - 30Dove le storie prendono vita. Scoprilo ora