Book 21 Chp 11

53 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 11 (ဂူနန်းရှင်)

ငွေရောင် ၀တ်စုံနဲ့ စစ်သူကြီးလည်း ကောင်းကင်ထက်ကို ခေါင်းမော့ကြည့်နေမိပါတယ်။ သူလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး
“အော်… ငါ့ရဲ့ ပျော်စရာနေ့ရက်လေးတွေ ပြီးဆုံးသွားရှာပြီ…”

“စစ်သူကြီး…”

ကြေးချပ်၀တ်တန်ဆာနဲ့ ဖင်းဂေါ့အစောင့်အရှောက်တွေအားလုံး သူ့ကို စိတ်လှုပ်ရှား စိုးရိမ်စွာ ကြည့်နေကြပါတယ်။

သက်ပြင်းတစ်ချက် ချလိုက်ပြီးတော့ တားမြစ်၀င်္ကဘာအထပ်ထပ်ကို သူဖြတ်ကျော်သွားပါတော့တယ်။ အပြင်မှာတော့ ၀တ်စုံနက်၀တ် တွေနဲ့ အရှေ့ပိုင်း သစ်တောဂိုဏ်းသားတွေ ရှိနေကြလို့ပါ။ စကြ၀ဠာ အက်ကွဲကြောင်း အနှောင့်အယှက်ကြောင့် အပြင်လူတွေလည်း သတိထားမိသွားကြပြီလေ။

“စစ်သူကြီး…”
အရှေ့ပိုင်း သစ်တောဂိုဏ်းချုပ်က အရှေ့ကို ထွက်လာပြီး
“ဘာတွေဖြစ်နေလို့လည်းခင်ဗျ… ကျွန်တော်တို့ အရှေ့ပိုင်း သစ်တောဂိုဏ်းက ဘာများဆောင်ရွက်ပေးရမလဲ မသိ…။”

“ဘာဖြစ်တာလဲ… အင်း…”
စစ်သူကြီးက ရေရွတ်လိုက်ပြီးတော့ သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ပါတော့တယ်။ ချက်ချင်းဆိုသလိုပဲ တောင်ကြီးတစ်တောင်ရဲ့ ပုံရိပ်ဟာ ထွက်ပေါ်လို့ လာခဲ့ပါပြီ။ အရှေ့ပိုင်း သစ်တောဂိုဏ်းချုပ်ရဲ့ ခန္ဓာကိုယ်ကို ထုခြေလိုက်ပါတော့တယ်။

၀ုန်း

အရှေ့ပိုင်းသစ်တောဂိုဏ်းချုပ်ဟာ ပြားကပ်ပြီး အမှုန့်ဖြစ်သွားခဲ့ပြီလေ။

ပတ်၀န်းကျင်က လွတ်မြောက်အင်မော်တယ်တွေ၊ မြေကမ္ဘာအင်မော်တယ်တွေ၊ မူလတာအို တန်ခိုးရှင်တွေ၊ ၀မ်ရှင်းသူတော်စင်တွေနဲ့ အရှေ့ပိုင်း သစ်တောဂိုဏ်းက တခြားတပည့်တပန်းတွေအားလုံး မယုံကြည်နိုင်အောင် ဖြစ်သွားကြပါတယ်။

တချို့ကတော့ ၀မ်းသာသွားကြသလိုပါ။
“သူသေသွားလည်း ကောင်းတာပဲ..။”

အရှေ့ပိုင်း သစ်တောဂိုဏ်းချုပ်ဟာ တကယ်ကို သူရဲဘောကြောင်သူ တစ်ဦးပါ။ သူ ချက်ချင်းကို အညံ့ခံခဲ့တယ်လေ။ ဒီမှာပဲ တချို့ ဂိုဏ်းသားတွေဟာ သူ့ကို မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

Book 21 - 30Where stories live. Discover now