Book 21 Chp 16

54 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 16 (ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်အင်မော်တယ် လေးဦး)

“နိုးထလော့…”
ပိန်ပိန်ပါးပါး ဂိုဏ်းချုပ်ကြီး အာကေနမ်က နှာခေါင်းတစ်ချက် ရှုံ့့လိုက်ပြီး အော်ပြောလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ တိမ်တိုက်တွေဟာ ကီလိုမီတာ ထောင်ပေါင်းများစွာမှာ စတင်စုဝေးလာခဲ့ပါပြီ။ ကမ္ဘာတစ်ခွင်လုံး မှောင်မိုက်လို့သွားတဲ့အပြင်ကို ဓာတ်ကြီးငါးပါးဟာလည်း ကသောင်းကနင်း ဖြစ်နေခဲ့ပြီလေ။ စကြ၀ဠာဟာ သီးခြားနယ်မြေဖြစ်လို့သွားခဲ့ပါပြီ။ တိုက်ပွဲဟာဘယ်လောက်ပဲပြင်းထန်ပါစေ.. အပြင်ကို စွမ်းအင်လှိုင်းတွေ ဖြာထွက်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။

“ပျက်ဆီးခြင်း မိုးကြိုးလေပြင်း ၇ ခု… မြေကမ္ဘာအင်မော်တယ်လေးကများ..  မင်းမှာဒီလောက်အစွမ်းထက်တဲ့ ဂိုလမ်ရှိနေတယ်ပေါ့လေ။ နှမြောစရာကွာ..။”
ဂိုဏ်းချုပ်ကြီးအာကေနမ်လည်း အေးစက်စက်ရယ်မောလိုက်ပါတယ်။ ချက်ချင်းဆိုသလို ကြယ်တာရာအလင်းရောင်တွေ စတင်ဖြာထွက်လာခဲ့သလို ဥက္ကာခဲပေါင်းများစွာဟာလည်း ထွက်ပေါ်လာခဲ့ပြီလေ။ စုစုပေါင်း ဥက္ကာခဲပေါင်း ၃၆၀ လေထဲ ရှိနေပါတယ်။

ဒီ ဥက္ကာခဲပေါင်း ၃၆၀ ဟာ ဂိုဏ်းချုပ်ကြီးအာကေနမ်ရဲ့ အစွမ်းပါ။ ဂျိနင်ကို  သတ်ဖို့အတွက် သူ ၀ယ်ယူခဲ့တာလေ။

လေထဲမှာတော့.. ကြယ်တာရာပေါင်း ၃၆၀ ပျံသန်းလို့နေတဲ့ ပုံရိပ်ကိုပါမြင်နေရမှာပါ။ နှစ်ပေါင်းများစွာကြာခဲ့ပြီ.. ဒီကောင်းကင်ပြင်က ကြယ်တာရာတွေဟာ ထာ၀ရကို ပုံသေဖြစ်နေခဲ့တာပါ..။ မဟာ၀င်္ကဘာကြီးပေါ်လာတဲ့အခါမှာတော့.. ထူထဲတဲ့ကြယ်တာရာအလင်းရောင်အလွှာကြီးပေါ်ထွက်လာခဲ့ပြီး လျှပ်စီးလေပြင်းကို တားဆီးလိုက်ပါတော့တယ်။

“သေကြစမ်း။ အားလုံးပဲ.. သေကြစမ်းကွာ..။”
တောင်ပံ အင်မော်တယ် ဂိုလမ်ဟာ အရမ်းကို ဒေါသူပုန်ထလို့နေပါတယ်။ ပျက်ဆီးခြင်း မိုးကြိုးလေပြင်း ၇ ခုကို သူဆက်တိုက် ပစ်ထုတ်နေလို့ပါ။

ပျက်စီးခြင်း မိုးကြိုးလေပြင်း ၇ ခုဟာ အရမ်းကို ပြင်းထန်လွန်းပါတယ်။ ဂိုဏ်းချုပ်ကြီးအာကေနမ်အနေနဲကအားကုန်သုံးလိုက်တာတောင်မှ ကာကွယ်လိုက်နိုင်ရုံသာ တတ်နိုင်ခဲ့လို့ပါ။
“ဒီလောက်တောင် သန့်စင်တဲ့ ပျက်စီးခြင်း မိုးကြိုးလေပြင်း ၇ ခု… ဒီ ဂိုလမ်က သာမန် မြေကမ္ဘာအင်မော်တယ်လေးရဲ့တိုက်ခိုက်မှုကို ဒီလောက်ပြင်းထန်သွားစေတယ်။ ဒီလောက်အဖိုးတန်တဲ့ ဂိုလမ်က နော့စွန်းလက်ထဲ ရှိနေတာ တကယ့်ကို နှမြောစရာပဲ..။ ငါ့မှာသာဆိုရင်.. ပိုပြီးတော့ကို ကြောက်စရာကောင်းလာမှာ..။”

Book 21 - 30Waar verhalen tot leven komen. Ontdek het nu