Chp 590 ( အကျဉ်းထောင်ကမ္ဘာ)

36 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 590 (အကျဉ်းထောင် ကမ္ဘာ)

တောက်ဝူ ဆယ့်ရှစ်ဖင်းဂေါ့ကျင့်စဉ်ဟာ တခြား ကျင့်စဉ်ခြောက်ခုနဲ့ တန်ဖိုးချင်း မကွာခြားလှပါဘူး။ ဒါပေမဲ့လည်း ပျက်စီးခြင်း၀တ်မှုန်တွေကြောင့်.. နင်ဟာ ဒီကျင့်စဉ်ရဲ့ ဒုတိယအဆင့်အထိကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့ပြီလေ။ ဒါကြောင့်လည်း သူ့ရဲ့ ခန္ဓာကိုယ်ဟာ သိသိသာသာကို ပြောင်းလဲသွားခဲ့ပါပြီ။

“နည်းနည်း ကျန်နေသေးပါလား…”
နင်လည်း သူ့ရဲ့လက်ကိုဝှေ့ယမ်းလိုက်ပါတယ်။ ချက်ချင်းပဲ ပုလင်းနက်လေး သူ့လက်ထဲပျံသန်း၀င်ရောက်လာခဲ့ပါပြီ။ ပျက်စီးခြင်း၀တ်မှုန်လေးတွေ မကုန်သေးပဲ ကျန်နေတာကိုတွေ့လိုက်ရတယ်လေ။
“ပုလင်းတစ်ခုဆီမှာ စုစုပေါင်း ကိုးဆယ့်ကိုးစက် ရှိနေတယ်။ အခု နှစ်ဆယ့်နှစ်စက် ကျန်နေသေးတယ်ဆိုတော့…. အကျဉ်းထောင်စောင့် အနောက်ပိုင်း လင်းနို့ပြောတဲ့စကားအရဆို… အရင်တုန်းက ကြီးကြပ်သူတွေက ပုလင်းတစ်ပုလင်းလုံး ကုန်လောက်အောင်ကို အသုံးပြုခဲ့ကြတာတဲ့.. ကြည့်ရတာ ငါက သူတို့နဲ့ ယှဉ်လိုက်ရင် တော်တော်လိုနေသေးတယ်ထင်တယ်။”

အစွမ်းထက်လေလေ တောင်ဝူဆယ့်ရှစ်ဖင်းဂေါ့ ကျင့်စဉ် ဒုတိယ အဆင့်ကို ကျင့်ဖို့အတွက် ပျက်စီးခြင်း ၀တ်မှုန် ပိုပြီးလိုအပ်လာလေလေပါ။

ပထမအဆင့်ကို ကျင့်ကြံပြီးတော့ ကိုယ်ပွား ဆယ့်ရှစ်ခု ခွဲလိုက်တဲ့အခါကျရင် ခန္ဓာကိုယ်တစ်ခုစီရဲ့ အင်အားက ကျဆင်းသွားမယ်လေ။ ဒုတိယ အဆင့်လေ့ကျင့်တာကတော့ ပျက်စီးခြင်း၀တ်မှုန်ကို အသုံးပြီးတော့ ခန္ဓာကိုယ်တွေကို မူလစွမ်းအား ပြန်ရအောင် မြင့်တင်ပေးတာပါ.. ဒါကြောင့်လည်း ပိုပြီး အစွမ်းထက်လာလေလေ.. ပျက်စီးခြင်း ၀တ်မှုန်တွေ ပိုပြီးလိုအပ်လာလေလေလေ။ ပြောရရင် အစစ်အမှန် နတ်ဘုရားတွေရဲ့ ဂျိဒန်နဲ့ စိတ်ဝိညာဉ်ဟာ နင်ရဲ့ အခုလက်ရှိ အဆင့်ထက် အဆများစွာကို ပိုပြီးတော့ အစွမ်းထက်ခဲ့တယ်လေ။ ဒါကြာင့်လည်း သူတို့တွေ အတွက် ပျက်စီးခြင်း ၀တ်မှုန်တွေ ပိုပြီးလိုအပ်ပါလိမ့်မယ်။ ဒီအကြောင်းအရာကိုလည်း ကျမ်းထဲမှာ သေချာကို မှတ်တမ်းတင်ထားတယ်လေ။

Book 21 - 30Where stories live. Discover now