ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22
Chapter 14 (ကောင်းကင်အင်မော်တယ်ကို သတ်သောဓား)အဝေးက အကာအကွယ်၀င်္ကဘာမှာ လွတ်မြောက်အင်မော်တယ် အချို့ စုဝေးနေကြပါသေးတယ်။
“လေနှင်သူ… ငါ သာမန်လူသားတွေနဲ့တန်ခိုးရှင်တွေအားလုံးကို ငါ့ရဲ့ စကြ၀ဠာပုလဲထဲ ထည့်ခဲ့ပြီးပြီ။”
ဆံပင်စိမ်းနဲ့ အင်အမော်တယ်ကြီးက အလင်းရောင်ဖျောဖျော့ ဖြာထွက်နေတဲ့ ပုလဲနက်လေးတစ်လုံးကို ထုတ်ပြလိုက်ပါတယ်။ သူ့ရဲ့လက်ကိုဝှေ့ယမ်းလိုက်ပြီးတော့ ပြန်သိမ်းလိုက်ပါပြီ။ အပြင်လောကို သူလှမ်းကြည့်ပြီး ရယ်မောပြီး စကားဆက်လိုက်လို့ပါ။
“အင်း..ကြည့်ရတာ ငါသူတို့အားလုံးကို သိမ်းထားဖို့ မလိုတော့ဘူးပဲ..။ ဖင်းဂေါ့ကြီးတွေအားလုံး ထွက်ပြေးသွားကြပြီလေ။ ဂျိနင်ပဲကျန်တော့တာ…။”“အမှန်ပဲ..”
လေနှင်သူလည်း ပြုံးပြီးတော့ ခေါင်းညိတ်လိုက်ပါတယ်။ကလန်သားတွေအားလုံးကို ဖယ်ရှားခိုင်းလိုက်ရတာကလည်း ဖင်းဂေါ့ကြီးတွေ ကိုးရာကျော် ရှိနေလို့ပဲလေ။
အခုတော့ ဖင်းဂေါ့တွေကို နတ်ဘုရားသတ် အစောင့်အရှောက်တွေက လိုက်လံဖမ်းဆီးနေကြပါပြီ။ ဂျိနင်တစ်ဦးတည်းသာ ကျန်ရစ်ပါတော့တယ်။
…
“ဆရာ.. ဆရာ… မထွက်ပြေးဘူးလား..”
ဂျိနင်ရဲ့ ကီလိုမီတာ တစ်သောင်း၀င်္ကဘာထဲက ချွင်ကလေးလည်း အရမ်းကို စိတ်ပူလို့သွားခဲ့ပါတယ်။
“ဖင်းဂေါ့ကြီးတွေတောင်မှ ဒီကောင်းကင်အင်မော်တယ် ကိုးဦးရဲ့ အကာအကွယ်ကို မဖျက်ဆီးနိုင်တာ..။ ဆရာဘာဖြစ်လို့ ဆက်နေနေရတာလဲ..။ မြန်မြန် လာခဲ့တော့လေ။”“ဂိုဏ်းတူအစ်ကိုကြီး…”
နော့စွန်းလည်း အရမ်းကို စိုးရိမ်နေခဲ့ပါပြီ။“မလောကြနဲ့.. ငါ့ရဲ့ သားလေးဂျိနင်က ဒီလို ရူးရူးမိုက်မိုက် မလုပ်တတ်ပါဘူး။”
ဦးလေးဖြူလည်း ဂျိနင်ကို လှမ်းကြည့်နေမိပါတယ်။ သူ့ရင်ထဲနေ တီးတိုးပြောလိုက်မိလို့ပါ။
“သားလေးနင်.. ဂရုစိုက်ပါ..။”….
ကောင်းကင်အင်မော်တယ်ကြီးကိုးဦးလုံးက အခုဆို ပိုပြီး ယုံကြည်မှု ရှိလာခဲ့ပြီလေ။ မီးလျှံငယ်ကလန်ရဲ့ ဘိုးဘေးကြီးက စပြောလိုက်ပါတယ်။
“အစောပိုင်းက ဒီဖင်းဂေါ့ကြီးတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရလို့ မင်းတို့ ဒဏ်ရာတွေ တော်တော်ပြင်းထန်နေပြီ..။ ဒါကြောင့် မင်းတို့တွေ ၀င်္ကဘာကို အသုံးပြုပြီးပဲငါ့ကို ကူညီပေးကြတာ ပိုကောင်းတယ်။ ဂျိနင်ကို ငါ့တာ၀န်ထားလိုက်တော့..။ ကဲကဲ.. ငါ့ကို ကူညီပေးကြဦး..။”
![](https://img.wattpad.com/cover/221419292-288-k811127.jpg)