Book 25 Chp 6

41 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 6 (အစစ်အမှန် စိတ်ဝိညာဉ်)

အချိန်စက်ဝိုင်း ပြောင်းပြန်စီးဆင်းခြင်းရဲ့ ပုံရိပ်ယောင်တွေကို ဂျိနင် ကြည့်နေမိပါတယ်။ မိုးမခမြစ်ချွမ်နဲ့ အရှေ့ရေစီးကြောင်းစနိုးတို့ အတူတူထွက်ပြေးသွားတာကိုကြည့်ရင်း သူ့စိတ်တွေ လေးလံလာခဲ့ပါပြီ။  အဖြစ်အပျက်အားလုံးက ယန်ဘုရင် သူ့ကိုပေးခဲ့တဲ့ အချက်အလက်တွေနဲ့ တထပ်တည်းကို ဖြစ်နေတယ်လေ။

“ဂီတကိုးပါးဓားဂိုဏ်းကိုသွားကြရအောင်လေ။”
နင်ပြောလိုက်ပါတယ်။

“အေးအေး..”

အားလုံးကို မမြင်တွေ့ရမချင်း နင်လက်မလျှော့နိုင်တာကို ယန်ဘုရင် နားလည်ပါတယ်။ သူတို့နှစ်ဦးလုံး ချက်ချင်းပဲ တခြားပြည်နယ်တစ်ခုမှာ ရှိနေတဲ့ ဂီတကိုးပါးဓားဂိုဏ်းကို စကြ၀ဠာခုန်ကျော်ခြင်းနဲ့ ထွက်ခွာသွားခဲ့ပြီလေ။

..

အဲဒီနှစ်က.. ချွမ်နဲ့ စနိုးတို့ ဖြည်းဖြည်းချင်းပဲ တရွေ့ရွေ့ခရီးဆက်ခဲ့ကြပါတယ်။ ကျယ်ပြောလှတဲ့ ပန်းမွန့်ပြည်နယ်ကနေ ထွက်ခွာလာပြီး ဂီတကိုးပါး ဓားဂိုဏ်းကို ရောက်ဖို့အတွက် ၈နှစ်တိတိကြာမြင့်ခဲ့တယ်လေ။ ချွမ်က ဓားသိုင်းမှာအစောကြီးကတည်းကို အစွမ်းထက်တဲ့အပြင် ၈ နှစ်လုံးလုံးလည်း အန္တရာယ် အထပ်ထပ်ကို ဖြတ်ကျော်လာခဲ့ရတဲ့အတွက် သိသိသာသာကို သူတိုးတက်လာခဲ့ပါပြီ။ ဖင်းဂေါ့လမ်းစဉ်မှာလည်း ဇီဖူအဆင့်ကို သူရောက်နေခဲ့ပြီလေ။ ဒါကြောင့် ဂီတကိုးပါး ဓားဂိုဏ်းထဲကို သူအလွယ်တကူပဲ ၀င်ရောက်နိုင်ခဲ့ပါတယ်။ အရှေ့ရေစီးကြောင်းစနိုးကတော့ သူ့ရဲ့ အမှုထမ်းကောင်မလေးအဖြစ် ကျောင်းတော်ကို ၀င်ရောက်လာခဲ့တယ်လေ။

ဂီတကိုးပါးဓားဂိုဏ်းကိုရောက်ပြီးလို့ ဒုတိယနှစ်မှာပဲ.. ကျောင်းတော်ကနေ ချွမ်းရရှိလာတဲ့ ဝိညာဉ်ဆေးလုံးကို အားကိုးပြီးတော့ စနိုးဟာ ဇီဖူအဆင့်ကို ရောက်လာခဲ့ပါတယ်။ သူမကိုလည်း ဂီတကိုးပါးဓားဂိုဏ်းရဲ့ တပည့်ရင်းအဖြစ် သတ်မှတ်လိုက်ကြပါပြီ။

“ဒီနေရာကတော့ ဂီတကိုးပါး ဓားဂိုဏ်းတည်ရှိခဲ့တဲ့ နေရာပဲလေ။”
ကောင်းကင်ထက် ရှိနေတဲ့ ရန်ဘုရင်က မြေပြင်ထက် အပျက်အစီး ကျောက်ပုံလေးတွေကို ညွှန်ပြပြီးတော့ ပြောလိုက်တာပါ။

Book 21 - 30Where stories live. Discover now