Book 27 Chp 15

42 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 15 (ရှန်းနွန်နှင့် ရွှီးဖူတိ)

တာအိုဖခင်ကြီး သွေးနီလည်း အင်မော်တယ်အရက်အိုးတွေနဲ့ ကျောက်စိမ်နက်ပုလင်းကွဲလေးတွေကို စိုက်ကြည့်နေမိပါတယ်။ ပြီးတော့ မလှုပ်ရှားနိုင် ဖြစ်နေတဲ့ ဂျိနင်ကို သူလှမ်းကြည့်လိုက်မိတယ်လေ။ နင်ရဲ့ မျက်လုံးက အကြည့်တွေကြောင့် တာအိုဖခင်ကြီး သွေးနီလည်း ခေါင်းကို ခါယမ်းလိုက်မိပါတော့တယ်။

“အင်း…”
အင်္ကျီလက်စကို သူတစ်ချက် ခါလိုက်ပြီးတော့ ထွက်ခွာသွားခဲ့ပါပြီ။

တာအိုဖခင်ကြီး သွေးနီ အခန်ထဲက ထွက်ခွာတော့မဲ့ ဆဲဆဲမှာပဲ ရှအင်ပါရီယာ ပြည့်ရှင်ရောက်လာခဲ့ပြီလေ။

နဂါးရှစ်ကောင် တိမ်တိုက်မြို့တော်က ရှမင်ရဲ့ မှော်ရတနာလေ။ ဒါကြောင့် ဘာဖြစ်သွားတာလဲဆိုတာကို သူချက်ချင်း သိခဲ့ပါတယ်။

“ဆရာ…”
ရှအင်ပါရီယာ ပြည့်ရှင်လည်း ထပ်ခေါ်လိုက်တယ်လေ။

“ငါတို့ ရှုံးန်ိမ့်သွားပြီ.. ရှုံးနိမ့်သွားခဲ့ပြီ..။”
တာအိုဖခင်ကြီး သွေးနီလည်း ခေါင်းကို ခါယမ်းလိုက်ပြီးတော့ သက်ပြင်းချလိုက်ပါတယ်။
“ငါတို့ သွေးနီလောကက လောကစစ်ပွဲ အတွင်းမှာ အကျအဆုံး အရမ်းများခဲ့တယ်။ လူသားဧကရာဇ် ရှန်းနွန်ရဲ့ အကူအညီနဲ့ဆိုရင် ငါတို့ နိုင်လိမ့်ဦးမယ် ထင်ထားမိခဲ့တာ..။ ဒါပေမဲ့.. ဂျိနင်ရဲ့ တာအိုလက်တွဲဖော် ယုဝေက အက်ကြောင်းမဲ့ဂိတ်ရဲ့ သူလျှိုဖြစ်နေခဲ့တယ်လေ။ ငါတို့ အစီအစဉ်အားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီ။”

“ကျွန်တော်တို့မှာ ရှန်းနွန်ရဲ့ ဆေးပုလင်း တစ်ပုလင်း ကျန်သေးတယ်မဟုတ်ဘူးလား ဆရာ..။”
ရှအင်ပါရီယာ ပြည့်ရှင်က စိုးရိမ်ပူပန်စွာမေးလိုက်ပါတယ်။

“အဲဒါက အသုံးမ၀င်တော့ဘူး။”
တာအိုဖခင်ကြီး သွေးနီလည်း သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီးတော့
“ဒီအက်ကြောင်းမဲ့ဂိတ်ရဲ့ အင်ပါရီယာ နတ်ဘုရားဂိုလမ်ကြီးတွေက ကောင်းကင်အင်မော်တယ် တစ်ရာလိုအပ်တယ်လေ။ ဒါပေမဲ့ တာအိုဖခင်ဂိုလမ်ကြီးကတော့ သန့်စင်သောယန် အင်မော်တယ် တစ်ဦးတည်းပဲ လိုအပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဂိုလမ်ရဲ့ အမြုတေ ၀င်္ကပါက ပျက်စီးခြင်းကျောက်တုံးတွေရဲ့ အမြုတေနဲ့ မောင်းနှင်ထားလို့ပဲ..။ ပျက်စီးခြင်းကျောက်တုံးအမြုတေတွေက ကမ္ဘာဦးပျက်စီးခြင်း စွမ်းအင်အဖြစ် တခါတည်းပြောင်းလဲသွားနိုင်တယ်လေ။ ဒါကြောင့်တာအိုဖခင်ဂိုလမ်ကြီးရဲ့ စွမ်းအင်တွေဟာ အဆုံးအစမဲ့လောက်ကို ဖြစ်သွားလိမ့်မယ်။ ပြီးတော့ တာအိုဖခင်ဂိုလမ်ကြီးတွေကို အကာအကွယ် အထပ်ထပ်က ကာကွယ်ပေးထားသေးတယ်လေ။ ငါကိုယ်တိုင်တောင် ဒီအကာအကွယ်တွေကို ထိုးဖောက်နိုင်စွမ်း မရှိသေးဘူးလေ။ ရှန်းနွန်ရဲ့ ဆေးဝါးတွေလည်း တာအိုဖခင်ဂိုလမ်ကြီးထဲ မစိမ့်၀င်သွားနိုင်ဘူး။”

Book 21 - 30Where stories live. Discover now