Chp 600 ( လောကသုံးပါးတစ်ခွင်လေလွင့်ခြင်း)

39 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 600 (လောကသုံးပါးတခွင် လေလွင့်ခြင်း)

အချိန်တွေ တဖြည်းဖြည်း စီးဆင်းလို့ သွားခဲ့ပါပြီ။ မျက်စိတမှိတ်အချိန်အတွင်းမှာပဲ နှစ်၀က်လောက် ကုန်ဆုံးသွားခဲ့ပြီလေ။

တိမ်တွေကိုတောင် ထိုးဖောက်သွားခဲ့တဲ့ တောင်ကြီးတွေ…. ဂျိနင်ဟာ တိမ်တိုက်ထက်မှာ မတ်တတ်ရပ်ပြီးတော့ တောင်နံရံမှာ ချန်ရစ်ထားခဲ့တဲ့ ဓားသိုင်းကို ကြည့်နေမိခဲ့ပါတယ်။

“ရတနာ ငါးပါး ဓားသိုင်းက မိုးကောင်းကင်တာအိုကို တကယ်ပဲ ကျော်လွန်သွားတဲ့ ဓားသိုင်းပဲ… ငါ့မှာ နည်းနည်းလေးပဲလိုတော့တာလေ။ ဒါပေမဲ့ ဒုတိယ အခန်းကို ငါမအောင်မြင်သေးဘူး ဖြစ်နေတယ်။”
နင်မျက်မှောင်ကြုတ်နေမိပါတယ်။ လွန်ခဲ့တဲ့ နှစ်၀က်လောက်အတွင်းမှာတုန်းက… ဒုတိယ အခန်းကို အောင်မြင်လုနီးနီး အထိ ရောက်သွားခဲ့တယ်လေ။ ဒါပေမဲ့ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ဖြစ်နေခဲ့ရပါတယ်။

ဒီလို တန့်ရပ်သွားတဲ့ ကိစ္စဟာ တန်ခိုးရှင်တွေအတွက် အရမ်းကို ကြောက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုပါ။ ဒီလို အခြေအနေမှာနှစ်ပေါင်းများစွာ တန့်ရပ်သွားခဲ့ပြီးတော့ ရှေ့ဆက်မတိုးနိုင်တဲ့ လူတွေကလည်း အမြောက်အများကို ရှိနေခဲ့တယ်လေ။ အချိန်အကန့်အသတ် တစ်ခုတည်းက တန်ခိုးရှင်တွေ အဆင့်တက်တာမှာ တန့်ရပ်မှုကို ကျော်ဖြတ်ဖို့အတွက် မလုံလောက်သေးပါဘူး။ လူတိုင်းသာ အမြဲတမ်း တိုးတက်နေမယ်ဆိုရင်… ကောင်းကင်အင်မော်တယ် အားလုံးဟာလည်း အစစ်အမှန် အင်မော်တယ် ဖြစ်လာကြမှာပဲလေ။ ဒါပေမဲ့ ဒီလို မဟုတ်ခဲ့ပါဘူး။ နင့်အနေနဲ့ နောက်ဆုံးတန့်ရပ်နေမှုကို ကျော်ဖြတ်ပြီးတော့ ဓားတာအိုတစ်ခုလုံးကို နားလည်သဘောပေါက်သွားခဲ့ရတာကလည်း နီဟီလမ် နယ်မြေမှာ ဆယ့်ရှစ်နှစ်တိတိ တိုက်ခိုက်ခဲ့လို့ပါ။ ဒီမှာပဲ ဓားအင်အား ပထမအဆင့်ကို သူအောင်မြင်သွားခဲ့တယ်လေ။ ဒါကြောင့်လည်း အရာရာဟာ သူ့အတွက် ဆက်တိုက်ဆိုသလို အဆင်ပြေချောမွေ့နေခဲ့ပါတယ်။

“ဒီတစ်ခေါက် အဆင့်တက်ဖို့က မလွယ်လောက်ဘူး။ ငါ ဘာလုပ်သင့်သလဲ…”
နင်မျက်မှောင်ကြုတ်လိုက်မိပါတယ်။ ဒီအချိန်မှာတော့… သူ့မှာကိုယ်ပွားတွေ အများကြီး ရှိနေလည်း မကူညီပေးနိုင်တော့ဘူးလေ။

Book 21 - 30Where stories live. Discover now