Chp 610 ( ရွေးချယ်စရာလမ်း မရှိတော့ဘူး)

32 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 610 (ရွေးချယ်စရာ လမ်းမရှိတော့ဘူး…)

အင်ပါရီယာ နတ်ဘုရားကြီး နိုင်းဖန်လည်း တိမ်တိုက်ထက် မတ်တတ်ရပ်ပြီးစောင့်လို့နေပါတယ်။ နန်းတော်ရှင် ဂျိနင်ကို သူမြင်တွေ့လိုက်ပြီလေ။ နန်းတော်ရှင်က တောင်ထိပ်ထက်ကနေ ထွက်ပေါ်လာခဲ့တာပါ။ သူ့ဆီကို နင် အမြန်လှမ်းလျှောက်လာနေခဲ့ပါတယ်။ သူအံ့အားသင့်သွားခဲ့ပြီး
“ဘာဖြစ်လို့များ နန်းတော်ရှင်က ဒီလောက်မြန်မြန် ပြန်ထွက်လာရတာလဲ…”

ရွှစ်

ခြေတစ်လှမ်း လှမ်းလိုက်အပြီးမှာတော့ နိုင်းဖန်ရဲ့ တိမ်တိုက်ထက်မှာ နင်ပြန်ပေါ်လာခဲ့ပါပြီ။

“နန်းတော်ရှင်…”
နိုင်းဖန်လည်း တိုးတိုးလေး ပြောလိုက်ပါတယ်။

“သွားကြစို့…”

နင်လည်း ရှင်းပြမနေတော့ပါဘူး။ ချက်ချင်းပဲ စကြ၀ဠာလှေပျံလေးကို ထုတ်ယူပြီးတော့ အထဲ ၀င်ရောက်သွားပါတော့တယ်။ နိုင်းဖန်နဲ့အတူ စကြ၀ဠာကို ဖြတ်ကျော်ပြီး သူပြန်လာခဲ့ပြီလေ။

….

စကြ၀ဠာ လှေပျံလေးဟာ ဟူနိုင်ငံတော်လို့ သိကြတဲ့ အဓိက ကမ္ဘာကြီးရဲ့ မိုးကောင်းကင်မှာ ပြန်ပေါ်လာခဲ့ပါပြီ။

“မဟာမိုးကြိုး နတ်ဘုရားကြီးက ငါ့ကို စတွေ့လိုက်တုန်းက ကောင်းကောင်းမွန်မွန်ပါပဲ… ဒါပေမဲ့ ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါးအကြောင်းကိုလည်း ပြောလိုက်ရော… ချက်ချင်းကိုပဲ သူဒေါသူပုန်ထာလာခဲ့တာ…”
နင်လည်း တွေးတော စဉ်းစားနေမိပါတယ်။ လောကသုံးပါးတခွင် မုန်တိုင်း ထန်နေပြီဖြစ်တဲ့အတွက် မဟာမိတ်အဖွဲ့တွေထဲက အဓိက ပုဂ္ဂိုလ်ကြီး အများစုဟာ မျိုးဆက်သစ်လေးတွေကို ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံခဲ့ကြတာပါ…. နင်ကိုယ်တိုင်လည်း တာအိုဖခင်ကြီး သွေးနီ၊ ဖူရှီ နဲ့ ပုဂ္ဂိုလ်ကြီး တေ်ာတော်များများကို တွေ့ခဲ့ဖူးတာပဲလေ။ မဟာမိုးကြိုး နတ်ဘုရားကြီးက သူ့ရဲ့ စိတ်ဆတ်မှုကြောင့် နာမည်ကြီးလွန်းပေမဲ့လည်း အစောပိုင်းမှာ သူ့ကို ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံခဲ့တယ် မဟုတ်ဘူးလား…

Book 21 - 30Where stories live. Discover now