Chp 614 ( အဓိကပုဂ္ဂိုလ်ကြီး ခြောက်ဦး)

34 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 614 (အဓိက ပုဂ္ဂိုလ်ကြီး ခြောက်ဦး)

ဂျိနင်လည်း စိတ်နဲ့ ဆက်သွယ်လိုက်ပါတယ်။
“ဆရာ.. အက်ကြောင်းမဲ့ဂိတ်က ကျွန်တေ်ာတို့ စကားပြောနေတာကို သတိထားမိသွားမလားခင်ဗျ…”

“ပြောရတော့ ခက်တယ်။”
ရွှီးဖူတိလည်း ပြန်ပြီးတော့ စိတ်နဲ့ဆက်သွယ်လိုက်ပါတယ်။
“အချိန်စကြ၀ဠာအစွမ်းမှာ ဆရာဟာ လောကသုံးပါးထဲမှာ နံပါတ်တစ် ပုဂ္ဂိုလ်ပဲ.. အတွင်းစိတ်နှလုံးသားတောင်ရဲ့ စကြ၀ဠာကို အလွှာများစွာ ခေါက်သိမ်းထားခဲ့တဲ့အတွက်… လောကသုံးပါးထဲက တခြား ဘယ်ပုဂ္ဂိုလ်မှ ရှာမတွေ့နိုင်ဘူး။ ဒါကို လုပ်နိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကတော့… အက်ကြောင်းမဲ့ဂိတ်ရဲ့ မိစ္ဆာနှလုံးသား သခင်ကြီးပဲလေ။ သူကတော့ မိုးကောင်းကင်တာအိုနဲ့ ပေါင်းစည်းသွားခဲ့ပါပြီ။ သူ့အနေနဲ့ ဆရာတို့ စကားပြောနေတာကို သတိထားမိသလား သတိမထားမိဘူးလားတော့ ဆရာလည်း သေချာမပြောနိုင်ဘူးလေ။”

“ဒါပေမဲ့လည်း သူ့အနေနဲ့ စိတ်နဲ့ဆက်သွယ်တဲ့ ပြောဆိုမှုကို သိမြင်နိုင်ဖို့ကတော့ တော်တော်လေး ရာခိုင်နှုန်းနည်းပါတယ်။”
ရွှီးဖူတိ ရှင်းပြလိုက်ပါတယ်။

နင်လည်း ခေါင်းညိတ်လိုက်တယ်လေ။ သူတို့မှာလည်း ဒီထက်ကောင်းတဲ့ နည်းလမ်း မရှိတော့ဘူးလေ။

ပျက်စီးခြင်း ၀တ်မှုန်ခြောက်ပုလင်းနဲ့ ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါး ကျင့်စဉ်ကို သူ့ဆရာဆီ အပ်မယ် ဆုံးဖြတ်လိုက်ကတည်းက… အက်ကြောင်းမဲ့ဂိတ် သိနိုင်တယ်ဆိုတဲ့အချက်ကို စိတ်ထဲ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပါပြီ။ နင်ကိုယ်တိုင်က ပေးအပ်ခဲ့၇တဲ့ အကြောင်းရင်းကလည်း တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်မရှိလို့ မဟုတ်ခဲ့ပါဘူး။ အခုအချိန် သူ့ရဲ့ အဓိက ပန်းတိုင်းက သူ့ရဲ့ မိန်းမနဲ့ သမီးလေးကို သေချာပေါက် အသက်ဆက်ရှင်နိုင်စေဖို့လေ။ ဒီပျက်စီးခြင်း ၀တ်မှုန် ခြောက်ပုလင်းဟာ သူ့ကို နည်းနည်းပိုပြီးတော့ အစွမ်းထက်လာနိုင်စေပေမဲ့လည်း…. ဒါတွေကို သိမ်းဆည်းထားတာကြောင့် ရလာမဲ့ အကျိုးအပြစ်ထက် ပေးအပ်လိုက်လို့ ရလာမဲ့ အကျိုးအမြတ်က ပိုများနေခဲ့တယ်လေ။

Book 21 - 30Where stories live. Discover now