Book 22 Chp 19

43 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 19 (ရေခဲနှလုံးသား)

သူ့အနေနဲ့ အချောအလှလေး ခုနစ်ဦးကို အရိုးစုတွေ အဖြစ်၊ ဖားပြုတ်တွေအဖြစ် ၊ တခြား သတ္တဝါဆန်းတွေအဖြစ် မြင်အောင် တွေးလို့နေပေမဲ့လည်း… နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက ဂျိနင်ကတော့ သူတို့အားလုံးဟာ ဖားပြုတ်တွေ မဟုတ်ဘူးဆိုတာကို သေချာသိလို့နေပါတယ်။ အားလုံးက ကမ္မအကုသိုလ် အပြစ်သားမီးလျှံရဲ့ မြေမှုန်နီကပ်ဘေးကြောင့်သာ ဖြစ်လာခဲ့တာတွေပါ။ သူ့ရဲ့ နှလုံးသားကနေကို ဖန်ဆင်းထားတဲ့ တည်၇ှိမှုတွေလေ။ ပြီးတော့ ဒီလို့ရွံရှာဖွယ်လည်း မကောင်းကြပါဘူး။ ဒါနဲ့ နင်ဟာ ရမ္မက်ဆန္ဒရဲ့ သာယာမှုနောက်ကို တဖြည်းဖြည်း ပိုပြီး စီးမျောလို့လာခဲ့ပါပြီ။

“ထိန်းထား.. ထိန်းထား.. ထိန်းထား..”
နင်လည်း သူ့ရဲ့ ရမ္မက်ဆန္ဒကို အတတ်နိုင်ဆုံး ဖိနှိပ်ထားပါတယ်။

ဒါပေမဲ့လည်း အချိန်တွေ စီးဆင်းလာနေသလို ထိန်းသိမ်းရလည်း အလွန်ကို ခက်လာခဲ့ပြီလေ။

“ခဏနေဦး…”

နင်ချက်ချင်ကို အာရုံပြန်ရလာခဲ့ပါပြီ။ ကမ္ဘာမြေမှာတုန်းက ဖတ်ခဲ့ဖူးတဲ့ မဟာယုရဲ့ ရေကြီးခြင်း တားနည်း ဒဏ္ဍာရီကို သူပြန်တွေးနေမိပါတယ်။
“အားလုံးကို ဆည်ဆောက်ပြီး တားဆီးတာထက်ကို လမ်းကြောင်းငယ်လေးတွေ ခွဲပြီးတော့ ဖြန့်ထုတ်လိုက်ရမယ်။ ရမ္မက်ဆန္ဒကို ဘယ်လိုလုပ်ပြီးတော့ အတင်းအဓမ္မထိန်းချုပ်လို့ ရပါ့မလဲ..။မြေမှုန်နီ ကပ်ဘေး… မြေမှုန်နီကပ်ဘေး.. အတွင်းစိတ်နှလုံးသားတောင်ရဲ့ မှတ်တမ်းအရဆိုရင်… မြေမှုန်နီကပ်ဘေးကိုကျော်ဖြတ်ဖို့အတွက်… မြေမှုန်နီအဖြစ်ကိုယ်တိုင်ပြောင်းလဲရမဲ့အပြင်ကို မြေမှုန်နီထဲကနေ ပြန်ပြီး ရှင်သန်ထွက်ပေါ်လာနိုင်ရမယ်။”

“ဒါပေမဲ့ .. ငါကိုယ်တိုင်မြေမှုန်နီဖြစ်သွားခဲ့ရင်.. ငါကိုယ်တိုင်က သာယာမှုကို သဘောကျခဲ့ရင်.. အဲ့ဒါဆို ဘယ်လိုလုပ်မလဲ..။”

“ငါ ဘာဆက်လုပ်ရမလဲ…”

နင်ရဲ့ နှလုံးသားထဲမှာတော့ အတွေးတွေ ဗလောင်ဆူနေခဲ့ပြီလေ။

Book 21 - 30Where stories live. Discover now