Chp 586 ( ကျောက်စာချပ်)

35 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 586 (ကျောက်စာချပ်)

အနက်ရောင် ကျောက်စာချပ်ကြီးဟာ ၂၉၉ မီတာ မြင့်မားခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားခြင်း အော်ရာအရှိန်အဝါတွေဟာ မှိန်ဖျော့ဖျော့ ဖြာထွက်နေတာကို မြင်တွေ့ရမှာပါ။ ဒါကို မီတာ ၃၀၀ အကွာလောက်မှာ ကတည်းက အာရုံခံမိနေခဲ့တယ်လေ။ ဒီအော်ရာအရှိန်အဝါရဲ့ ကြီးကျယ်မြင့်မြတ်ခြင်းဟာ တကယ့်ကို စာမဖွဲ့နိုင်တဲ့ အဆင့်ရောက်နေခဲ့ပါပြီ။ သူ့ကို မျက်နှာမူထားတဲ့ ကျောက်စာချပ်ကြီးအရှေ့မှာ ထူးဆန်းတဲ့ စာလုံးကြီးနှစ်လုံး ထွင်းထုထားတာကိုပဲ နင်မြင်ခဲ့ရပါတယ်။ တခြားမျက်နှာစာတွေမှာတော့ ပုရွက်ဆိတ်တွေအလားများပြားလွန်းလှတဲ့ သင်္ကေတပေါင်းများစွာ ပြည့်နေတာကို တွေ့ခဲ့ရလို့ပါ။

“ဒီ သင်္ကေတတွေက…”
နင်လည်း သေချာကြည့်ကြည့်လိုက်ပါတယ်။
“ဒီ စကားလုံးတွေကို ငါတစ်ခါမှ မမြင်ဖူးဘူး..။ လောကသုံးပါးမှာ ဒီလို ဘာသာစကားမျိုး မရှိခဲ့ဘူးထင်တယ်။”

နင်လည်း ဒီစာလုံးတွေကို တခါမှ မမြင်ဖူးခဲ့ပါဘူး။ ဒါကလည်း ဘာသာစကားတစ်ခုရဲ့ သင်္ကေတဆိုတာတော့ သေချာပါတယ်။ ဒါတွေက လူသားမျိုးနွယ်စုတွေရဲ့ စာတွေနဲ့ အဆင်တူနေခဲ့တယ်လေ။ အရှေ့မျက်နှာစာမှာ ရှိနေတဲ့ စာလုံးကြီးနှစ်လုံးဆိုရင်.. ဒါတွေက ဘာအဓိပ္ပာယ်ကို ပြောတာလည်းဆိုတာကို နင် အာရုံခံစားနာလည် ခဲ့ပါတယ်။

“ငါ့ရဲ့ ပင်မစိတ်အာရုံနဲ့ စမ်းကြည့်လိုက်ဦးမယ်။”
နင်လည်း သူ့ရဲ့ ပင်မစိတ်အာရုံကို ဖြန့်ထုတ်လိုက်ပါတယ်။

“ဒါက….”
ကျောက်စာချပ်ကြီးကို နင်အံ့အားသင့်စွာ ကြည့်နေမိပါပြီ။
“ဘယ်လိုလုပ် ဖြစ်သွားရတာလဲ..။ မဖြစ်နိုင်တာ…. ဘာဖြစ်လို့ ငါ့ရဲ့ ပင်မစိတ်အာရုံက ဘာမှကို မမြင်တွေ့ခဲ့ရတာလဲ…. ဒီနေရာမှာ ဘာမှကို ရှိမနေသလိုပါလား..”

“ဒီကျောက်စာချပ်ကြီးကို ပင်မစိတ်အာရုံ တားဆီးနိုင်တဲ့ မန္တန်နဲ့ ကာကွယ်ပေးထားလို့လား..”
နင်လည်း တစ်ခဏလောက် တွေးနေမိပါတယ်။
“နှလုံးသားအင်အားနဲ့ စမ်းသပ်ကြည့်ရမှာပေ့ါ…”

Book 21 - 30Where stories live. Discover now