Chp 578 ( ဓားအင်အား)

39 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 578 (ဓားအင်အား)

အလင်းတန်း သုံးခုဟာ ဂျိနင်နဲ့ နိုင်းဖန်ဆီကို ဦးတည်ပြီးပျံသန်းလာနေခဲ့ပါပြီ။

“အဲ…”
နင်လည်း သတိထားပြီးတော့ ကြည့်လိုက်မိပါတယ်။  သုံးဦးထဲက တစ်ဦးကတော့ အစစ်အမှန် အင်မော်တယ် တာအိုမဲ့ဖြစ်နေတယ်လေ။ ကျန်တဲ့နှစ်ဦးကိုတော့ နင်တခါမှမမြင်ဖူးခဲ့ပါဘူး။

“သူက တာအိုရောင်းရင်း ဂျိနင်လား..။”
တော်တော် ရုပ်ဆိုးတဲ့ လူကြီးက အော်ပြောလိုက်တာပါ။

“ငါတို့တွေရဲ့ ဂိုဏ်းတူညီလေး တာအိုမဲ့ဆီကနေ တာအိုရောင်းရင်း ဂျိနင် ဒီကိုရောက်နေပြီလို့ သတင်းကို အစောကြီးကတည်းက ရခဲ့ကြတာလေ။ ဒါပေမဲ့တာအိုရောင်းရင်းကို ငါတို့ရှာမတွေ့ခဲ့ဘူး။ ငါတို့တွေ တော်တော်ကို စိတ်မရှည်ဖြစ်ခဲ့ကြတာပေါ့…။”
ရုပ်ရည်ချောမောတဲ့ လူငယ်လေးက ပြုံးရွှင်စွာပြောလိုက်တာပါ။

နင်လည်း ရယ်မောလိုက်ပြီးတော့
“တာအိုရောင်းရင်းတို့ သုံးဦးကို အချိန်အကြာကြီးစောင့်စေခဲ့မိပြီ…။ ကျွန်တော် တော်တော်ကို အရှက်ရမိပါတယ်။ အရှက်ရမိပါတယ်။”

“ငါတို့တွေက ဓားတန်ခိုးရှင် ကမ္ဘာမှာပဲ နေထိုင်ကြတာလေ။ တာအိုရောင်းရင်းကို မစောင့်လည်းပဲ ဒီမှာပဲ ဆက်နေကြရမှာ..။”
လူငယ်လေးက ရယ်မောလိုက်တာပါ။

နင်လည်း ရယ်မောလိုက်ပါတယ်။
“ကျွန်တော်က တာအိုရောင်းရင်း တာအိုမဲ့နဲ့တွေ့ဆုံခဲ့ပြီးပြီလေ။ ဒါဆို ဗလတောင့်တောင့်နဲ့ ရောင်းရင်းက အင်ပါရီယာ နတ်ဘုရား လျှို့ဝှက်မိုးမခ ဖြစ်ပြီးတော့ သူကတော့ ဓားတန်ခိုးရှင် အပြင်ဘက် မိုးကောင်းကင်ဖြစ်တဲ့ တာအိုတန်ခိုးရှင် ဂျီမင်းဖြစ်လိမ့်မြယ်။ တာအိုရောင်းရင်း ဂျီမင်းရဲ့ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့မှုကို ကျွန်တော်ကြားဖူးခဲ့တာကြာပါပြီ။ ဒီနေ့တော့ ရောင်းရင်းကိုကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့ပြီ..။”

တာအိုဖခင်ကြီး ဖူဂျူ သေဆုံးသွားခဲ့တဲ့အချိန်မှာတော့.. သူ့ရဲ့ နောက်လိုက်တွေဟာ နေရာအနှံ့ကို  ပျံ့နှံ့သွားခဲ့တယ်လေ။ ဒီနေ့အထိ ဓားကျောင်းတော်မှာ အင်ပါရီယာ နတ်ဘုရားနဲ့ အစစ်အမှန် အင်မော်တယ် သုံးဦးသာဆက်ပြီးတော့ ကျန်ရစ်ခဲ့တော့တာပါ။

Book 21 - 30Where stories live. Discover now