Chp 564 ( လောကသုံးပါးရဲ့ လျှို့ဝှက်သမိုင်း 1 )

43 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 564 (လောကသုံးပါးရဲ့ လျှို့ဝှက်သမိုင်း ၁)

စကြ၀ဠာအက်ကွဲကြောင်းတစ်ခုဟာ အတွင်းစိတ်နှလုံးသားတောင်ရဲ့ ကောင်းကင်ထက်မှာပေါ်ထွက်လာခဲ့ပြီလေ။

“ဂျိနင်.. နှင်းနီ.. ငါနဲ့လိုက်ခဲ့ကြချေ..။”
ရွှီးဖူတိလည်း ဝေဟင်အထက်ကနေ ညွှန်ကြားလိုက်ပါတယ်။

“ဟုတ်ကဲ့ဆရာ..”
ဂျိနင်နဲ့ အင်ပါရီယာ နတ်ဘုရားကြီး နှင်းနီတို့လည်း သူ့အနောက်က လိုက်ပါသွားကြပါတယ်။ နှင်းကင်းမြီးကောက်တို့ ခြောက်ဦးကတော့ ရေအောက်နန်းတော်ထဲ ယာယီပြန်ပြီး၀င်ရောက်သွားခဲ့ကြပြီလေ။

အတွင်းစိတ်နှလုံးသားတောင်ရဲ့ တာအိုကျောင်းဆောင်ထဲမှာတော့..

ရွှီးဖူတိလည်း မြေပြင်အထက်ကို ဆင်းသက်လာခဲ့ပြီး ကြာပန်းသဏ္ဌာန်ထိုင်ချလိုက်ပါတယ်။

နင်နဲ့ နှင်းနီတို့လည်းမလှမ်းမကမ်းမှာ ထိုင်လိုက်ကြတယ်လေ။

“နှင်းနီ…”
ရွှီးဖူတိက နှင်းနီကို ကြည့်လိုက်ပြီးတော့ ပြုံးရွှင်စွာပြောလိုက်ပါတယ်။
“နောက်ဆုံးအကြိမ် မင်းတိုက်ခိုက်တာကို နီဟီလမ် နယ်မြေမှာ ငါမြင်ဖူးခဲ့တယ်။ မင်းအနေနဲ့ အဲဒီတုန်းက အချိန်စကြ၀ဠာရဲ့ အမြုတေကို မထိတွေ့နိုင်ခဲ့သေးဘူးလိုပဲ..။”

“အဲဒီတိုက်ပွဲမှာ ဂိုဏ်းချုပ်ကြီးရဲ့တိုက်ခိုက်မှုတွေကိုမြင်လိုက်ပြီးတော့ ကျွန်တော်ဥာဏ်အလင်း ရသွားခဲ့တာပါခင်ဗျာ..။ ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ အချိန်နဲ့ စကြ၀ဠာရဲ့ အင်အားတွေကို ချိတ်ဆက်နိုင်သွားခဲ့တာပါ။”
နှင်းနီလည်း ရိုသေလေးစားစွာ ပြန်ဖြေလိုက်ပါတယ်။

ရွှီးဖူတိလည်း အခုတော့နားလည်သွားခဲ့ပါပြီ။ သူတိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုမှာ အချိန်စကြ၀ဠာရဲ့ မရေမတွက်နိုင်တဲ့ လေးနက်ဆန်းကြယ်မှုတွေ ပါ၀င်နေခဲ့တယ်လေ။

နှင်းနီဟာလည်း နှစ်ပေါင်းများစွာကိုလေ့ကျင့်ခဲ့ပြီးပါပြီ။ သူ့အနေနဲ့ ဒီအချိန်စကြ၀ဠာနယ်မြေထဲ ၀င်ရောက်နိုင်ဖို့ လက်တစ်ကမ်းသာ လိုတော့တာလေ။ အသက်လုတိုက်ပွဲတွေ အပြီးမှာတော့…  ရွှီးဖူတိရဲ့တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရပြီးတဲ့အခါမှာ.. သူ့အနေနဲ့ ဥာဏ်အလင်းရလာခဲ့တာ ဖြစ်ပါလိမ့်မယ်။

Book 21 - 30Where stories live. Discover now