Chp 563 ( ထွက်ခွာခြင်း)

42 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 563 (ထွက်ခွာခြင်း)

“အမှန်ပဲ.. လောကစစ်ပွဲ ပြီးဆုံးသွားတာနဲ့ ကျွန်တော့်ရဲ့ အင်ပါရီယာ နတ်ဘုရား စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်တော့မှာလေ။”
ဂျိနင်လည်း စိတ်နဲ့ပြန်ပြီးတော့ ဆက်သွယ်လိုက်ပါတယ်။ သူ့ရဲ့ မူလအစီအစဉ်ကတော့ စမ်းသပ်စစ်ဆေးမှုကို မကျော်ဖြတ်ခင် စိတ်ဝိညာဉ် နှလုံသားအင်အားပညာရပ်ကို ပြီးပြည့်စုံတဲ့အဆင့်အထိရောက်အောင် ဆက်ပြီး ပြုပြင်သွားဖို့ပါ။ ဒါမှပဲ အောင်မြင်နိုင်ခြေများမယ်လေ။ ဒါပေမဲ့လည်း ဘယ်အရာကမှ စီစဉ်ထားတဲ့အတိုင်း မဖြစ်လာခဲ့ပါဘူး။ သူ့ရဲ့ နှလုံသားအင်အား ဟာ တတိယအဆင့်ကနေ စတုတ္ထအဆင့်ကို ရောက်ရှိသွားခဲ့တယ်လေ။ ဒါက အလွန်ကို သိသာစွာပြောင်းလဲသွားခြင်းပါ။

နှလုံးသားအင်အား အစွမ်းထက်လာလေလေ… အင်ပါရီယာ နတ်ဘုရားရဲ့ မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးမှု ကပ်ဘေးကို ကျော်ဖြတ်နိုင်ဖို့ ပိုပြီး လွယ်ကူလာလေလေလေ။

ဒီအခြေအနေကိုရောက်နေပြီဆိုမှတော့ ဆက်ပြီး အချိန်ဆွဲနေစရာ မလိုတော့ဘူးလေ။

“ငါခန့်မှန်းတာ မှန်မယ်ဆိုရင်တော့… မင်းက သန့်စင်သောယန် အင်မော်တယ်ပဲ ဖြစ်သွားခဲ့တာမဟုတ်ဘူး။ နှလုံးသားအင်အားမှာလည်း မင်းအဆင့်တက်သွားခဲ့ပြီထင်တယ်။”
ဂြိုဟ်ခုနစ်လုံး နတ်ဘုရားကြီးက စိတ်နဲ့ဆက်သွယ်ပြီးပြောလိုက်ပါတယ်။

“အမှန်ပါပဲ..”
နင်လည်း ၀န်ခံလိုက်ပြီလေ။

တာအိုဖခင်ဂိုလမ်ကြီးကို သူ့ရဲ့ကောင်းကင်ဘုံကို အပြစ်ပေးသူနဲ့ တားဆီးထားတဲ့အချိန်မှာ…လောကသုံးပါးရဲ့ တကယ့်ပုဂ္ဂိုလ်ကြီးတွေတော်တော်များများက ဘာဖြစ်သွားတာလဲဆိုတာကို ခန့်မှန်းသွားနိုင်ခဲ့ကြပြီလေ။ လောကစစ်ပွဲကိုအောင်မြင်ဖို့အတွက်… အက်ကြောင်းမဲ့ဂိတ်က စစ်သည်တော်တွေကို သုတ်သင်ရှင်းလို့ဖို့အတွက်.. နင်လည်း အစွမ်းပြဖို့ ၀န်မလေးနေတော့ဘူးလေ။

အရေးကြီးတာတစ်ခုက အဖြေဟာ ထိုက်တန်မှု ရှိနေရဖို့ပါ။

အခုအချိန်မှာတော့..

Book 21 - 30Where stories live. Discover now