Book 27 Chp 20

41 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 20 (ယုံကြည်မှု အပြည့်နဲ့ ထာ၀ရ စိမ်းလန်းခြင်း)

သိပ်မကြာခင်လေးမှာပဲ…

တာအိုဖခင်ကြီး သွေးနီရဲ့ အမိန့်နဲ့… အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေနဲ့ ကွန်မန်ဒါတွေအားလုံး ပင်မခန်းမထဲ ရောက်လာခဲ့ပါပြီ။

“ဘာ…”

“ငါတို့တွေ တိုက်ခိုက်ကြမလို့လား..။”

“အက်ကြောင်းမဲ့ဂိတ်မှာ တာအုိဖခင်ဂိုလမ်ကြီး ရှိနေတယ်လေ။ ငါတို့တွေ ဘယ်လိုလုပ် ရင်ဆိုင်နိုင်ပါ့မလဲ..။”
တာအိုဖခင်ကြီး သွေးနီက အက်ကြောင်းမဲ့ဂိတ်ကို နောက်ဆုံးတိုက်ပွဲ တိုက်ခိုက်မယ်ဆိုတဲ့ အခါမှာတော့.. အားလုံးပဲ ပါးစပ်အဟောင်းသားဖြစ်လို့သွားခဲ့ကြတယ်လေ။ သူတို့တွေ သေရမှာကို မကြောက်ခဲ့ကြပါဘူး။ ဒါပေမဲ့ ဘယ်သူကမှ အနိုင်မရနိုင်တဲ့ ကိစ္စတစ်ခုအတွက်အကြောင်းမဲ့ အသက်မစွန့်လိုခဲ့ကြဘူးလေ။

တာအိုဖခင်ကြီး သွေးနီလည်း သူ့ရဲ့ လက်အောက်ငယ်သားတွေကို ကြည့်လိုက်ပါတယ်။ သူဆင့်ခေါ်လိုက်ပြီလေ။
“ဂျိနင်.. ထွက်လာခဲ့တော့..။”

အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေ ကွန်မန်ဒါတွေ တကယ်ကို နားမလည်နိုင်အောင်ဖြစ်သွားခဲ့ကြတယ်လေ။

ဂျိနင်…

“ဂျိနင်ကို ထွက်လာခိုင်းတယ်လား.။ သူ့တာအိုလက်တွဲဖော် သစ္စာဖောက်သွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သူ ဖြေမဆည်နိုင် ဖြစ်နေသေးတယ် မဟုတ်ဘူးလား..။”

“တာအိုဖခင်ကြီးက ဘာတွေစီစဉ်နေတာလဲဆိုတာ ငါလည်း နားမလည်နိုင်တော့ဘူး။”

“လဲပြိုလုမတတ်ဖြစ်နေတဲ့ ဂျိနင်ကို ငါတို့အားလုံး ပုံအပ်လိုက်ရမှာလား..။”

“ငါတို့ကို သူနောက်နေတာ မဟုတ်ပါဘူးနော်..။”

တချို့ကတော့ ဂျိနင်ကို ဒေါသထွက်နေကြသလို တချို့ကလည်း သနားဂရုဏာ သက်နေမိကြပါတယ်။ ဒါပေမဲ့လည်း ဒီ ပြိုင်စံရှားတဲ့ ပါရမီရှင်အနေနဲ့ ပြန်ပြီး ထူထောင်နိုင်ဖို့ အချိန်တစ်ခုပေးဖို့ လိုအပ်တယ်ဆိုတာကိုတော့ အားလုံးက သိထားကြပြီးသားလေ။

Book 21 - 30Where stories live. Discover now